အိန္ဒိယဆယ်ကျော်သက်သုံးဦးရဲ့ တီထွင်မှုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု ဆွတ်ခူး

india.jpg

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက် ၃ ဦးဟာ မန်ကျည်းစေ့အမှုန့် အသုံးပြုပြီး ရေထဲမှ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကို စစ်ထုတ်ပေးနိုင်တဲ့ ကိရိယာတီထွင်မှုနဲ့အတူ ကမ္ဘာ့မြေကမ္ဘာဆု (Global Earth Prize) ဆွတ်ခူးသွားခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်ရှိတဲ့ ဗီဗန်၊ အရီယာနာနဲ့ အဗ်ယာနာတို့ရဲ့ တီထွင်မှုကတော့ Plas-Stick လို့ အမည်ရပါတယ်။ မန်ကျည်းစေ့ကို အမှုန့်လုပ်ပြီး ပလတ်စတစ်တွေကို သဘာဝအတိုင်း အနယ်ထိုင်စေတဲ့ ပစ္စည်းအဖြစ် ဖန်တီးခဲ့တာပါ။ မန်ကျည်းစေ့ အမှုန့်ခတ်ပြီး ခဏတာ လှုပ်ခါပေးလိုက်ရုံနဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို စုစည်းသွားစေမှာဖြစ်ပြီး သံလိုက်အသုံးပြု ဖယ်ရှားနိုင်မယ့်စနစ် ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လေ့လာမှုလုပ်ဖို့ ကျေးလက်ဒေသတစ်ခုကို သွားရောက်ရင်း သောက်ရေတွေကို ဘုံကန်တွေထဲ သိုလှောင်ထားပြီး အဆင့်မြင့်ရေစစ်စနစ်တွေ မရှိမှန်း သတိပြုမိရာကနေ အခုလို ဖန်တီးဖို့ စိတ်ကူးရခဲ့တာလို့ သူတို့က ဆိုပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့မြေကမ္ဘာဆု ရရှိခြင်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၂.၂ ဘီလီယံကျော်ဟာ ဘေးကင်းစိတ်ချရတဲ့ သောက်ရေသန့် အခြေခံအဆောက်အအုံ မရှိကြပါဘူး။ ဒါကြောင့် ပလတ်စတစ်အမှုန်အမွှားတွေ ပါဝင်နိုင်ခြေရှိတဲ့ သိုလှောင်ရေတွေကိုပဲ အားကိုးအားထားပြုနေရပါတယ်။ ပလတ်စတစ်အမှုန်အမွှားတွေကြောင့် ဖြစ်လာမယ့် အန္တရာယ်အလုံးစုံကို မသိရသေးပေမဲ့ ဟော်မုန်းစနစ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ဖျက်ဆီးနိုင်ကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

Ref: 3 Teens Win Global Earth Prize for Inventing Tamarind Powder That Easily Removes Microplastics

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top