ပွဲတက်ဖို့လာတဲ့ တရုတ်မင်းသားချော ကျန့်လင်ဟယ် ကို မြင်ရဖို့ ပရိသတ်တွေ အလုအယက်ကြိုးစားရင်းနဲ့ ဈေးဝယ်စင်တာရဲ့မှန်တံခါးကွဲ

mirror.jpg

တရုတ်နိုင်ငံတောင်ပိုင်း၊ နန်နင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုရဲ့အပြင်ဘက်မှာ Pursuit of Jade ဇာတ်လမ်းတွဲနဲ့ ပိုပြီးအောင်မြင်လာခဲ့တဲ့ တရုတ်မင်းသားချော ကျန့်လင်ဟယ်ကို တွေ့ရဖို့ ပရိသတ်တွေစောင့်ဆိုင်းနေတဲ့အချိန် မှန်တံခါးကွဲသွားခဲ့တဲ့ အခိုက်အတန့်ဗီဒီယိုတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ကျန့်လင်ဟယ်က Molsion မျက်မှန်ပွဲတစ်ခုကို တက်ရောက်ဖို့ စီစဉ်ထားခဲ့တာပါ။ ပရိသတ်တွေက သူ့ကို မြင်တွေ့ရဖို့အတွက် ဈေးဝယ်စင်တာအတွင်းမှာလည်း စုဝေးနေခဲ့ကြပါတယ်။ ဈေးဝယ်စင်တာအပြင်ဘက်ရဲ့မှန်တံခါးဟာဆိုရင် ပရိသတ်တွေရဲ့အလုအယက်တိုးကြိတ်မှုကြောင့် ကွဲသွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ မေလ ၃၁ ရက်နေ့က ဖြစ်ခဲ့တာပါ။

ပွဲစီစဉ်တဲ့သူတွေက လူကိုယ်တိုင်တက်ရောက်တဲ့ပွဲကို ဖျက်သိမ်းပြီးတော့ အွန်လိုင်းကနေကျင်းပဖို့ လုပ်ဆောင်ခဲ့ပါတယ်။ “အစက ဒီနေ့ စီစဉ်ထားတဲ့ကုန်အမှတ်တံဆိပ်ပွဲကို ယာယီပြန်လည်စီစဉ်လိုက်ပါတယ်။ အဆင်မပြေမှုတွေဖြစ်သွားခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ လူတိုင်းရဲ့ဘေးကင်းရေးက အမြဲထိပ်ဆုံးဦးစားပေးပါပဲ “လို့ ကျန့်လင်ဟယ်ရဲ့စတူဒီယိုက ပြောပါတယ်။

လင်ဟယ်ရဲ့သူ့စတူဒီယိုဟာ အဝေးကနေ ပွဲကိုတက်ရောက်ဖို့လာရောက်တဲ့ ပရိသတ်တွေအတွက် ခရီးစရိတ်နဲ့ တည်းခိုစရိတ်တွေကို ပြန်လည်ပေးချေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Molsionကလည်း မှန်တံခါးကွဲတာကြောင့် အသေးစားထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးစစ်ဆေးမှုစီစဉ်ပေးထားပါတယ်။ နောက်ပိုင်းပွဲတွေကျင်းပတဲ့အခါ ဘေးကင်းစေဖို့ ဘေးကင်းရေးအစီအမံတွေ အဆင့်မြှင့်တင်မယ်လို့လည်း ဆိုထားပါတယ်။

Ref: Glass doors break as fans scramble to see Pursuit of Jade star

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top