Toy Story 5 အတွက် မူရင်းသီချင်းကို ရေးသားထားတဲ့ တေလာဆွစ်ဖ်

toy.jpg

အဆိုတော်တေလာဆွစ်ဖ်က Disney နဲ့ Pixar ရဲ့ Toy Story 5 အန်နီးမေးရှင်းရုပ်ရှင်အတွက်မူရင်းသီချင်းရေးသားထားပါတယ်။ ပရိသတ်တွေက ဒါနဲ့ပတ်သက်ပြီး လတော်တော်ကြာခန့်မှန်းခဲ့ကြတာပါ။ အခုတော့ တေလာဆွစ်ကိုယ်တိုင်က အတည်ပြုပေးခဲ့ပါတယ်။

I Knew It, I Knew You လို့ အမည်ပေးထားတဲ့ သီချင်းအသစ်ဟာ Toy Story 5 မှာ ပါဝင်မှာဖြစ်တယ်လို့ ဇွန်လ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ Toy Story 5 ကို ဇွန် ၁၉ ရက်နေ့မှာ ရုံမတင်ခင် သူ့ရဲ့သီချင်းကို ဇွန် ၅ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။

“ဒါက Toy Story ပါ သိပါတယ်။ Disney နဲ့ Pixar အတွက် ကျွန်မရဲ့မူရင်းသီချင်းအသစ် I Knew It, I Knew You ဟာ ဇွန် ၅ ရက်နေ့မှာ မင်းတို့အတွက် ဖြစ်မှာပါ” လို့ တေလာက ဆိုပါတယ်။

တေလာက Toy Story 1 ကြည့်ခဲ့တဲ့ အသက် ၅ နှစ်အရွယ်ကလေးဘဝကတည်းက သူ နှစ်သက်ခဲ့ရတဲ့ ဒီဇာတ်ကောင်တွေအတွက် သီချင်းရေးခွင့်ရဖို့ အမြဲတမ်းအိပ်မက်မက်နေခဲ့ရတာပါ။ အစောပိုင်းအဆင့်မှာတင် Toy Story 5 ကို ကံကောင်းပြီး ကြည့်ခွင့်ရတာ Toy Story 5 ကို နှစ်သက်မိတယ်။ ကြည့်ပြီးလို့ အိမ်ပြန်ရောက်ချင်းပဲ ဒီသီချင်းကို ရေးသားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: Taylor Swift confirmed to write original song for Toy Story 5

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top