ပစ္စည်းပို့ရာလမ်းကြောင်းတစ်လျှောက်ကခွေးလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်လေ့ရှိတဲ့ ပါဆယ်ပို့သမား

dd0.jpg

နယူးအော်လင်းစ်မြို့ (New Orleans) က UPS ကားမောင်းသမားလေးတစ်ဦးဟာ သူ့ရဲ့အလုပ်ကို ပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုဖြစ်အောင် ပြောင်းလဲထားပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂျေဆန် ဟာဒက်စ်တီ (Jason Hardesty) ဖြစ်ပြီး ပါဆယ်ပို့သမားတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ သူက ပစ္စည်းပို့သွားတဲ့နေရာမှာ တွေ့ရသမျှ ခွေးတိုင်းနဲ့ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ခွေးလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံတွေကို #pupsofjay ဆိုတဲ့ Hashtagနဲ့ တင်လေ့ရှိပါတယ်။ အခုဆိုရင် သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အားပေးသူပေါင်း (၆၄၀၀၀) ကျော်ရှိနေပါပြီ။

ဂျေဆန်ဟာ ပစ္စည်းပို့သွားဖို့ လမ်းကြောင်းအသစ်တစ်ခုရခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ခွေးလေးတွေနဲ့ ဓာတ်ပုံစရိုက်ဖြစ်ခဲ့တာပါ။ သူ အရင်သွားခဲ့တဲ့လမ်းကြောင်းက ခွေးလေးတွေဟာ ဖော်ရွေခြင်းမရှိဘဲ ရန်မူတတ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် သူက လမ်းကြောင်းအသစ်သွားဖို့ စတင်လိုက်တဲ့အခါမှာ အဲဒီနေရာကခွေးလေးတွေက ရန်မူတာနည်းသလို ချစ်ဖို့လည်းကောင်းတယ်လို့ ဆိုပါတယ်။ အဲဒီလမ်းကြောင်းတစ်လျှောက်က ခွေးလေးတွေအားလုံးဟာ ဂျေဆန်နဲ့ အတော်လေးရင်းနှီးနေပါပြီ။ သူတို့ရဲ့ပိုင်ရှင်တွေကလည်း သူတို့ခွေးလေးတွေနဲ့ ဓာတ်ပုံရိုက်တာကို မငြိုငြင်ခဲ့ကြပါဘူး။

ဂျေဆန်က သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ပုံတွေပြည့်မနေစေချင်တဲ့အတွက် တစ်ပတ်ကို တစ်ပုံလောက်ပဲ တင်တတ်ပါတယ်။ သောကြာနေ့ ညနေခင်း (၆) နာရီလောက်ဆို ပုံမှန်ပို့စ်တင်လေ့ရှိပါတယ်။ ဒါမှ တစ်ပတ်တာအလုပ်တွေ ပြီးမြောက်သွားတဲ့သူတွေက သူ့ရဲ့ပို့စ်ကို မြင်ပြီး ပြုံးပျော်ရွှင်နိုင်မယ်လို့ သူကယူဆပါတယ်။

ဂျေဆန်ရဲ့ဒီဝါသနာက အလုပ်နဲ့ ဘဝကို (၁၀၀) ရာခိုင်နှုန်းအပြည့် စိတ်ကျေနပ်မှုရှိနေတဲ့အခါမှာ ဖြစ်လာတတ်တဲ့သဘောကို ပြသနေပါတယ်။ အခုဆိုရင် UPS ဝန်ထမ်းတွေရဲ့ အမိုက်စားဆယ်ဖီပုံအားလုံးကို တင်ဖြစ်တဲ့ UPS Dogs အင်စတာဂရမ်ပေ့ချ်မှာလည်း ဂျေဆန် ပါဝင်လာခဲ့ပါပြီ။

Ref: Brightside “A UPS Driver Is Taking Epic Shots With the Dogs on His Route and We Want to Swap Jobs With Him”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top