ချစ်သူသက်တမ်း ၃ နှစ်နီးပါးအကြာမှာ ချစ်သူအဆိုတော်မင်းသားနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အဆိုတော် အာရီယာနာ ဂရန်ဒီ

lovve.jpg

အဆိုတော် အာရီယာနာ ဂရန်ဒီဟာ သူ့ရဲ့ချစ်သူကောင်လေးအဆိုတော်မင်းသား အီသန် စလေတာနဲ့ ချစ်သူသက်တမ်း ၃ နှစ်နီးပါးအကြာမှာ လမ်းခွဲလိုက်ပါပြီ။ The Wicked ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ ပထမဆုံးချိန်းတွေ့ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူတို့ရဲ့ဆက်ဆံရေးကို ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။

သူတို့နှစ်ဦးက အချိန်ပေးပြီး သေချာစဉ်းစားပြီးတော့မှ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့က သူငယ်ချင်းမိတ်ဆွေတွေဖြစ်နေတုန်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီနေဆဲပါပဲ။

သူတို့လမ်းခွဲလိုက်ကြပေမဲ့ အာရီယာနာက သူ့ရဲ့အလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။ အာရီယာနာနဲ့ အီသန်တို့က Wicked ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ သူတို့တွဲနေခဲ့တယ်ဆိုတာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အင်စတာဂရမ်ကနေတဆင့် အတည်ပြုခဲ့တာပါ။

Ref: Ariana Grande and Ethan Slater break up after 3 years of dating

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top