အဓမ္မပြုကျင့်သူတွေကို ကူညီကာကွယ်ပေးခဲ့တဲ့သီလရှင် အဖမ်းခံရ

4006862200000578-0-image-a-8_1494106489072.jpg

ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ရဲ့ အနောက်မြောက်ဘက်ကမြို့ငယ်လေးမှာရှိတဲ့ နားမကြားကျောင်းသူလေးတွေဟာ ခရစ်ယာန်ဘုန်းတော်ကြီးတချို့ရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အကြိမ်ပေါင်းများစွာကြုံခဲ့ရမှု ဖြစ်ခဲ့ပါတယ်။ ကျောင်းမှာရှိတဲ့ဘုန်းတော်ကြီးတွေက ကျောင်းရဲ့ မြေအောက်ခန်း၊ ပန်းခြံ၊ အိပ်ဆောင်နဲ့ ရေချိုးခန်းတွေထဲမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တာပါ။

ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကိုဆာကာ ကုမီကို လို့ခေါ်တဲ့ ခရစ်ယာန် သီလရှင်တစ်ပါးက တခြားသူတွေမသိအောင် ကာကွယ်ပေးထားခဲ့

အဲဒီဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကိုဆာကာ ကုမီကို လို့ခေါ်တဲ့ ခရစ်ယာန်သီလရှင်တစ်ပါးက တခြားသူတွေမသိအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့မိန်းကလေးတွေထဲက တစ်ယောက်ယောက်မှာ သွေးထွက်လွန်တာမျိုးဖြစ်တိုင်း အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ သီလရှင် ကုမီကို က တိုက်တွန်းခဲ့ပါတယ်။ ကျောင်းသူရဲ့ ထွက်ဆိုမှုကိုကြားပြီးတဲ့နောက် အာဏာပိုင်တွေက သီလရှင် ကုမီကို ကို စုံစမ်းစစ်မေးမှုတွေစလုပ်ခဲ့ကြပြီး ကျောင်းသူ (၂၄) ဦးကလည်း ဒီကျောင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိနေကြောင်း သတင်းပို့ခဲ့ကြပါတယ်။

သီလရှင် ကုမီကို ကို တရားခံကာကွယ်ပေးမှုနဲ့ ဒီသီတင်းပတ်အတွင်း ဖမ်းဆီးလိုက်တာပါ

ဘုန်းတော်ကြီး နီကိုလာ ကော်ရာဒီ (Nicola Corradi) နဲ့ ဟိုရာစီရို ကော်ဘာချို (Horacio Corbacho) တို့ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ထပ်ကာထပ်ကာကျူးလွန်ခဲ့ကြကြောင်း ကျောင်းသူတွေကထွက်ဆိုခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့သေးပေမဲ့ နားမကြားသူတွေချည်းရှိတာဖြစ်လို့ ဘယ်သူမှမကြားခဲ့ဘူးလို့ ဆိုပါတယ်။

ကျောင်းကို ရဲတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်မှာ ဘုန်းတော်ကြီး ကော်ရာဒီရဲ့ အခန်းထဲကနေ ညစ်ညမ်းမဂ္ဂဇင်းတွေနဲ့အတူ အမေရိကန်ဒေါ်လာ (၃၄၀၀၀) ကိုပါသိမ်းဆည်းမိခဲ့သလို ဘုန်းတော်ကြီး (၅) ပါးကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သီလရှင် ကုမီကို ကိုတော့ တရားခံကာကွယ်ပေးမှုနဲ့ ဒီသီတင်းပတ်အတွင်း ဖမ်းဆီးလိုက်တာပါ။

သီလရှင် ကုမီကိုကိုယ်တိုင်ကလည်း ကျောင်းသားတွေကို ကိုယ်ထိလက်ရောက်စော်ကားမှုတွေလုပ်ခဲ့တယ်လို့ သိရပြီး သူက အခုလိုအဖမ်းဆီးမခံရခင် တစ်လလောက်ရှောင်တိမ်းနေခဲ့ပါသေးတယ်။ ကြားနာစစ်ဆေးမှုပြုလုပ်ချိန်မှာတော့ သူမမှားကြောင်းကိုပဲ အကြောက်အကန်ငြင်းဆိုခဲ့ပါတယ်။

ဘုန်းတော်ကြီး ကော်ဘာချို၊ ကော်ရာဒီနဲ့ ကျန်တဲ့ဘုန်းတော်ကြီး (၃) ပါးကတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရခဲ့င် ထောင်ဒဏ် (၁၀) နှစ်ကနေ နှစ် (၅၀) ထိ ကျခံရမှာဖြစ်

ဘုန်းတော်ကြီး ကော်ဘာချို၊ ကော်ရာဒီနဲ့ ကျန်တဲ့ဘုန်းတော်ကြီး (၃) ပါးကိုတော့ ကျောင်းသူ (၂၄) ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားခဲ့ရင် ထောင်ဒဏ် (၁၀) နှစ်ကနေ နှစ် (၅၀) ထိ ကျခံရမှာဖြစ်ပါတယ်။

Ref: metro.co.uk “Nun arrested for ‘helping five priests rape deaf children”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top