ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ မဂ္ဂနီကျူ့စ်နဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် ၂ ကြိမ်ဆက်တိုက် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ရာစုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့သမျှ ငလျင်တွေထဲမှာ ပြင်းအားအများဆုံးဖြစ်ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု များပြားလွန်းတာကြောင့် သေဆုံးသူ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
ပြင်းအား ၇.၂ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့် ၄၀ အကြာမှာ ဗင်နီဇွဲလားနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းကို ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့တာပါ။ ကရာကက်စ်မြို့မှာ အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
Ref: Back-to-back earthquakes in Venezuela kill dozens and injure hundreds
NZ (ရိုးရာလေး)

