My Royal Nemesis ကိုရီးယားဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိနေတဲ့ မင်းသား ဟိုနမ်ဂျွန်ဟာ သူ နာမည်မကြီးခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ခဲ့ဖူးကြောင်း ဖွင့်ဟလာပါတယ်။ tvN ရုပ်သံလိုင်းရဲ့ You Quiz on the Block အစီအစဉ်မှာ သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တစ်ပတ် ၇ ရက် ၃ လဆက်တိုက်အလုပ်လုပ်ခဲ့ဖူးတယ်လို့ ထုတ်ပြောပြခဲ့တာပါ။
သူက အလုပ်သမားရုံးမှာ တန်းစီဖို့ မနက် ၄ နာရီထရပြီး Sindang-dong က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ရဖို့နဲ့ ပြန်လည်တည်ဆောက်ရေးပရောဂျက်တွေမှာ အလုပ်တွေလုပ်ရဖို့ ကြိုးစားခဲ့ရပါတယ်။ သူဟာ တစ်ရက်ကို ၉၄ ဒေါ်လာ လောက်ရပြီး နားရက်မယူဘဲ တစ်ပတ်ကို ၆၅၉ ဒေါ်လာ ရခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ကုန်တိုက်တွေမှာ ဖိနပ်တွေလည်း ရောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က သူ့နဲ့ ပိုပြီးသင့်တော်ခဲ့တယ်လို့ ထုတ်ပြောပြခဲ့ပါတယ်။
Ref: Heo Nam Jun opens up about working 7 days a week at construction sites for three months
WL (ရိုးရာလေး)

