ခွေးလေးနဲ့ အတူတူ ခြေထောက်ပြန်ကောင်းလာတဲ့သခင်မလေး

dog.gif

လင်ဆေး (Lindsey) လို့ အမည်ရတဲ့ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးလေးဟာ တစ်ချိန်တုန်းက ဂျာမနီနိုင်ငံက အကပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ်တစ်ခုမှာ အက်ဆီးဒင့်ကြောင့် ခြွေခွင်လွဲသွားပြီးတဲ့နောက်တော့ တွန်းလှည်းပေါ်မှာသာနေရတဲ့ဘဝကို ရောက်သွားခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ကို ဘယ်တော့မှလမ်းပြန်လျှောက်နိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဖြတ်တောက်ပြီး ကုသဖို့တောင်လိုအပ်မယ်လို့ ပြောခဲ့ပါသေးတယ်။ ဖြတ်တောက်ဖို့ကိုတော့ သူက လက်မခံခဲ့ပါဘူး။ ဒါနဲ့ နောက်ဘက်ခြေထောက်မသန်တဲ့ ခွေးတစ်ကောင်ကို မွေးခဲ့ပါတယ်။ သွေးကြောခဲပြီး နောက်ခြောက်ထောက်နှစ်ဘက်မလှုပ်ရှားနိုင်တဲ့ခွေးကလေးနဲ့အတူနေပြီး ဘဝဖြတ်သန်းနေခဲ့ပါတယ်။ အံ့သြစရာက ခွေးလေးလမ်းပြန်လျှောက်နိုင်အောင် ကြိုးစားပေးရင်း သူပါ အလိုလိုလမ်းပြန်လျှောက်လာနိုင်ခဲ့ပါတယ်။ ထင်မှတ်မထားလောက်အောင်ပဲ သာမန်လူတစ်ယောက်လို ပြန်ဖြစ်လာခဲ့တာပါ။ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစားပေးရင်း နောက်ဆုံးတော့ ခွေးရော လင်ဆေးပါ အကောင်းပကတိ ပြန်ဖြစ်ခဲ့ပါပြီ။

အခုဆိုရင် သူဝါသနာပါတဲ့ အကလောကကို ပြန်သွားတော့မှာဖြစ်ပြီး ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ လင်ဆေး (Lindsey) ဟာ အများလေးစားအတုယူရလောက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top