မမှတ်မိနိုင်လောက်အောင် နုပျိုသွားတဲ့ ဂျန်ဒုံဂန် (ဒါရိုက်တာရင်)

bb.webp

ဒါရိုက်တာရင်အဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ ဝါရင့်မင်းသားကြီး ဂျန်ဒုံဂန်ဟာ ဇနီးဖြစ်သူမင်းသမီး ဂိုဆိုယောင်းနဲ့ ပွဲတစ်ပွဲတက်ရောက်ပြီးနောက် နုပျိုတဲ့ရုပ်ရည်ကြောင့် လူမှုကွန်ယက်ပေါ်မှာ လူပြောများလို့နေပါတယ်။ ပရိသတ်တွေမမှတ်မိနိုင်လောက်အောင် နုပျိုသွားခဲ့တာပါ။

မင်းသား ဂျန်ဒုံဂန်က နက်ပြာရောင်အနက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီးတော့ ဇိမ်ခံပစ္စည်းကုန်အမှတ်တံဆိပ်ပွဲတစ်ပွဲကို တက်ရောက်ခဲ့တာပါ။ ပွဲတက်ရောက်လာသူတွေကိုလည်း နွေးထွေးတဲ့အပြုံးလေးနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ပါသေးတယ်။ ဗီဒီယိုတွေမှာ သူ့ကို မြင်တွေ့ကြတဲ့သူတွေက အရင်တုန်းကနဲ့မတူဘဲ သူ့ရဲအသားရေကြည်လင်မှုနဲ့ နုပျိုမှုတွေကြောင့် သတိထားမိခဲ့ကြပါတယ်။

ပရိသတ်တွေက “အစက သူ့ကို မမှတ်မိခဲ့ဘူး”၊ “တော်တော်လေးငယ်သွားတဲ့ပုံပဲ”၊ “filter တစ်ခုခုသုံးထားတယ် ထင်ခဲ့တာ”လို့ ပြောဆိုခဲ့ကြပါတယ်။ တော်တော်များများက သူ့ရဲ့နူပျိုတဲ့ရုပ်ရည်အပေါ် ချီးမွှမ်းခဲ့ကြပေးမဲ့ အခုလိုပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး အကြောင်းအရင်းတော့မသိရသေးပါဘူး။

မင်းသားကြီးဂျန်ဒုံဂန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက မင်းသမီးဂိုဆိုယောင်းနဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ ပရိသတ်တွေက သူ့ကို အခုနှစ်ကုန်မှာ ရုံတင်ပြသမယ့် Topical Night ဇာတ်ကားနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: Jang Dong-gun Surprises Fans With Youthful New Look After Previously Speaking Honestly About Aging

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top