ဂျာမနီနိုင်ငံက ရှီရှားဆိုင်(၂)ဆိုင်မှာ ပစ်ခတ်မှုတွေဖြစ်လို့ လူ ၈ ယောက် သေဆုံး

yyl-025-10.jpg

ဂျာမနီနိုင်ငံအနောက်ပိုင်း ဟာနူမြို့မှာရှိတဲ့ ရှီရှားဘားဆိုင် ၂ ဆိုင်မှာ ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့လို့ လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ သေနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ သေနတ်သမားတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ မြို့လယ်စင်တာမှာ ပထမဆုံး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဟာနူမြို့ ကက်ဆယ်စတက်ဒေသမှာ ဒုတိယမြောက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီနေရာ ၂ ခုလုံးမှာ ရဲအရာရှိတွေနဲ့ ရဟတ်ယာဉ်တွေ ကင်းလှည့်စောင့်ကြည့်နေပါတယ်။

ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ သေနတ်သမားတွေက ညဉ့်လယ်အချိန်မှာ ရှီရှားဘားတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး လူ ၃ ယောက်ကို ပစ်သတ်ခဲ့ပြီးနောက် Arena Bar & Cafe ကို ကားမောင်းသွားပြီး နောက်ထပ်လူ ၅ ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အခင်းဖြစ်ပွားရာနေရာကနေ အနက်ရောင်ကားတစ်စီး မောင်းထွက်သွားတာ တွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဟာနူမြို့ဟာ ဟက်ဆန်ပြည်နယ်ထဲမှာ ပါဝင်ပြီး ဖရန့်ဖတ်မြို့အရှေ့ဘက် ၁၅ မိုင်အကွာမှာ တည်ရှိပါတယ်။ ဘာလင်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၄ ရက်အကြာမှာ အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top