အိန္ဒိယနိုင်ငံ တွင် ပြင်းထန်သော မိုးရွာသွန်းခြင်းကြောင့် လူပေါင်း ၄၂ ဦး သေဆုံးခဲ့

yyl-3-9-007.jpg

အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီ မိုးပြင်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ၂၄ နာရီအတွင်း အနည်းဆုံး လူပေါင်း ၄၂ဦး သေဆုံးခဲ့သည်ဟု စက်တင်ဘာလ ၂၉ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ မြောက်ဘက်ပိုင်း Uttar Pradesh တွင် အနည်းဆုံး ၃၅ဦး ခန့်သေဆုံးခဲ့ပြီး၊ အိန္ဒိယနိုင်ငံ ဘက်ပိုင်း Bihar ဒေသတွင် ၇ဦးခန့်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ မိုးသည်းထန်စွာ ရွာသွန်းခြင်းသည် စက်တင်ဘာလ ၃၀ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သည်။

Uttar Pradesh ဒေသရှိ Disaster Management and Relief Department ၏ ပြောရေးဆိုခွင့်ရှိသူ Ms Sandhaya Kureel မှ စက်တင်ဘာလ ၂၉ရက်နေ့ တွင် ထိခိုက် ဒဏ်ရာရသူဦးရေ စုစုပေါင်း ၁၇ဦးအား မြို့နယ် ဆေးရုံတွင် အရေးပေါ် ပို့ဆောင်လိုက် ရသည်။ မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံခြင်းကြောင့် အနည်းဆုံး အိမ်ခြေစုစုပေါင်း ၂၉အိမ်ခြေခန့် ပျက်စီးဆုံရှုံး ခဲ့ရသည်။
Bihar ဒေသရှိ Disaster Management Department မှ အမှုဆောင်ချုပ် Pratay Amrit မှ Patna ဒေသမြို့လယ်ခေါင်တွင် သစ်ပင်ကြီး ပြိုလဲကျလာသောကြောင့် လမ်းသွားသူ လေးဦးသေဆုံးခဲ့ရသည်။ ထို့အပြင် Bhagalpur ဒေသတွင် မိုးဒဏ် လေဒဏ် ပြင်းထန်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ရသည်။

ယခုနှစ် မိုးရာသီ ဇွန်လမှ စက်တင်ဘာလ အတွင်းတွင် Indiam Nepal နင့် Bangladesh နိုင်ငံများတွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၃၅၀ ဦးရေအထိ ရှိခဲ့ပြီ ဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top