ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်းငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေကြား ၈ ရက်ကြာ ပိတ်မိနေခဲ့တဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အပျက်အစီးတွေအောက်မှာ အသက်ရှင် ကျန်ရစ်သူ မရှိလောက်တော့ဘူးဆိုတဲ့ ယူဆချက်ကြောင့် ကယ်ဆယ်ရေးထက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကို ပိုမိုအားစိုက်လာချိန်မှာ အခုလို အံ့အားသင့်ဖွယ် ကယ်တင်နိုင်ခဲ့တာပါ။
ပြိုကျပျက်စီးနေတဲ့ ၇ ထပ်တိုက်အောက်ကနေ ကယ်တင်နိုင်ခဲ့သူဟာ အသက် ၄၃ နှစ်အရွယ်ရှိ လုံခြုံရေးဝန်ထမ်း အမျိုးသားဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၃ ရက်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အပျက်အစီးတွေအောက် အလွန်နက်တဲ့ နေရာမှာ ရောက်နေတာကြောင့် ကယ်ထုတ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။
နိုင်ငံပေါင်း ၇ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားကနေ လိုဏ်ခေါင်းဖောက်ပြီး သူ့ကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် ၂ ကြိမ် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၂၉၅ ဦး ရှိပြီး ပျောက်ဆုံးသူ ၅၀၀၀၀ ဝန်းကျင် ရှိနေပါတယ်။
Ref: ‘Miracle’: Trapped man rescued eight days after Venezuela earthquakes
NZ (ရိုးရာလေး)

