တတိယမြောက်မင်္ဂလာပွဲမှာ ပရိသတ်တွေကိုပါ ဖိတ်ကြားထားတဲ့ ထိုင်းစုံတွဲ Nadech နဲ့ Yaya

marr.jpg

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားမင်းသမီးစုံတွဲဖြစ်တဲ့ Nadech Kugimiya နဲ့ Yaya Urassaya တို့ဟာ သူတို့ရဲ့မွေးရပ်မြေတွေဖြစ်တဲ့ Khon Kaen နဲ့ နော်ဝေတို့မှာ မင်္ဂလာပွဲကျင်းပပြီးပါပြီ။ အခုဆို တတိယပွဲအနေနဲ့ ဘန်ကောက်မြို့မှာ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကျ မင်္ဂလာပွဲပြုလုပ်မှာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို သူတို့ရဲ့မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ အခြားအရေးကြီးတဲ့ဧည့်သည်တွေ တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။

သူတို့စုံတွဲက သူတို့ရဲ့မင်္ဂလာပွဲကို သူတို့ရဲ့ပရိသတ်တွေကိုလည်း ဖိတ်ကြားမှာဖြစ်ပါတယ်။ မင်္ဂလာပွဲတက်ရောက်ဖို့အတွက် ဇူလိုင် ၁၂ ရက်နေ့အထိ သူတို့စုံတွဲရဲ့ Official Fan Club facebook Page ကနေတဆင့် စာရင်းပေးသွင်းဖို့ ပရိသတ်တွေအားလုံးကို ဖိတ်ကြားထားပါတယ်။ မင်္ဂလာပွဲတက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ ပရိသတ်စာရင်းကို ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

Nadech နဲ့ Yaya တို့က Nadech ရဲ့မွေးရပ်မြေ Khon Kaen မှာ ဧပြီ ၁၇ ရက်နေ့က မင်္ဂလာပွဲပြုလုပ်ခဲ့ပြီး Yaya ရဲ့မွေးရပ်မြေ နော်ဝေမှာ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref: Nadech Kugimiya and Yaya Urassaya to welcome Fans to their wedding celebration on July 18

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top