အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် နာရီ ၁၀၀ လုပ်အားပေးရတော့မယ့် ဝိန်းရွန်းနီ

nintchdbpict000354024702-e1505766940604.jpg

အဲဗာတန်ကစားသမားနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက သူ့အရက်မူးပြီး ကားမောင်းမိခဲ့တဲ့အတွက် သူ့ရဲ့မိသားစုနဲ့  ပရိတ်သတ်များကို တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ အခုလိုကားမောင်းခဲ့တဲ့အတွက် အများပြည်သူဆိုင်ရာနေရာများမှာ နာရီပေါင်း ၁၀၀ လုပ်အားပေးဆင်းရဦးမှာ ဖြစ်ပါတယ်။ သူ့လုပ်ရမယ့်  တာဝန်တွေကတော့ နံရံပေါ်မှာ ဆွဲထားတဲ့ ပုံတွေကို ဖျက်ခြင်းနဲ့ စက်မှုဇုံဆိုင်ရာ အညစ်အကြေးများကို သန့်ရှင်းရမှာ ဖြစ်ပါတယ်။

ရွန်းနီကို စစ်ဆေးခဲ့တဲ့ တရားခွင်မှာ ရွန်းနီရဲ့ ဇနီးဖြစ်သူ ကိုလင်းလည်း မတတ်ရောက်ခဲ့ဘဲ ရွန်းနီရဲ့ ရှေ့နေဖြစ်သူ မိုက်ကယ် ရိန်းဖိုဒ် (Michael  Rainford) ကတော့ “ရွန်းနီဟာ သူမိသားစု၊ သူ့ရဲ့ ပရိတ်သတ်တွေနဲ့ သူ့ကို လေးစားနေကြတဲ့ လူငယ်တွေကို စိတ်ပျက်စေခဲ့တဲ့အတွက်  သူ့အပြစ်ကို သူသိပြီး ဒီဆုံးဖြတ်ချက်ကို ကျေနပ်စွာ လက်ခံပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

တရားရုံးကတော့ ဒဏ်ငွေ ပေါင် တစ်သိန်း ခြောက်သောင်း ဆောင်ခွင့် ကိုငြင်းပယ်ခဲ့ပြီး ရွန်းနီကို အများပြည်သူဆိုင်ရာ လုပ်ငန်းများမှာ လုပ်အားပေးရန် ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

ရွန်းနီကတော့ တရားခွင်အပြီးမှာ “ကျွန်တော် မဆင်မခြင်လုပ်ခဲ့တဲ့အတွက် ကျွန်တော် မိသားစုနဲ့ အဲဗာတန်က လူအားလုံးကို တောင်းပန်ချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်ပရိတ်သတ်တွေ ကိုလည်းတောင်းပန်ချင်ပါတယ်။ အခုလို အများပြည်သူဆိုင်ရာ အလုပ်တွေမှာ  လုပ်အားပေးရင်း ဒီအပြစ်တွေကို ချေဖျက်နိုင်လိမ့်မယ် လို့ယုံကြည်ပါတယ်။ ” ဆိုပြီး Twitter မှာတင်ခဲ့ပါတယ်။

Laura Simpson

ရွန်းနီဟာ စက်တင်ဘာလ ၁ ရက်နေ့က အသက် ၂၉ နှစ်အရွယ် လော်ရာ ဆင်ပဆန်ဆိုသူ ကောင်မလေးတစ်ယောက်နဲ့ ကားမောင်းခဲ့တာဖြစ်ပြီး ဒီလို ကောင်မလေးတစ်ယောက်နဲ့ သောင်းကျန်းခဲ့တဲ့အတွက် ရွန်းနီကို ဇနီးဖြစ်သူ ကိုလင်းက ခွင့်မလွှတ်သေးပါဘူး။ အခုလိုမူးပြီး ကားမောင်းခဲ့တဲ့အတွက် ရွန်းနီကို အဲဗာတန်အသင်းကလည်း ၂ ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းခန့် ပြစ်ဒဏ်ချသွားဖို့ရှိနေပါတယ်။

Ref : Sun News : Wayne Rooney ordered to complete 100 hours’ community service

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top