ဖခင်ဖြစ်သူ ဂျက်ကီချမ်းနဲ့အတူ လိုက်ပါလာခဲ့တဲ့ ဂျေစီချမ်း

jj.jpg

ဇူလိုင် ၇ ရက်နေ့က Lim Family Foundation ရဲ့ဖိတ်ကြားမှုနဲ့ Pei Chun Primary School ကို ဂျက်ကီချမ်း လာရောက်ရင်းနဲ့ သားဖြစ်သူ ဂျေစီချမ်းကလည်း စင်ကာပူမှာ ရှိနေခဲ့ပါတယ်။ Lim Family Foundation က စင်ကာပူဘီလျံနာ ပီတာလင်းနဲ့သားဖြစ်သူ ကီရက်လင်း တို့ ဦးဆောင်တဲ့ ပရဟိတအဖွဲ့အစည်းဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် အဆိုတော်မင်းသား ဂျေစီချမ်းက ပီတာလင်းရဲ့သားဖြစ်သူ ကီရက်လင်းရဲ့ အင်စတာဂရမ် Story ကို “ကျေးဇူးတင်ပါတယ် အန်ကယ်ပီတာ…ကျေးဇူးတင်ပါတယ် ကီရက်” ဆိုတဲ့စာသားနဲ့ ပြန်တင်ခဲ့တာဖြစ်ပါတယ်။ ဂျက်ကီချမ်းနဲ့ ဂျေစီတို့သားအဖက ပီတာလင်းတို့သားအဖနဲ့အတူ သူတို့ရဲ့နာမည်ပါတဲ့ ဂျာစီအင်္ကျီတွေကို ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ထားတာတွေ့ရပါတယ်။

အရင်ကဆို ဂျက်ကီချမ်းတို့သားအဖရဲ့ဆက်ဆံရေးက တင်းမာနေခဲ့တာပါ။ အခုဆို ဂျက်ကီချမ်းက သားဖြစ်သူကို သူ သွားတဲ့ နေရာတွေကို ခေါ်သွားပြီးတော့ အချိန်ဖြုန်းဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း ၇၈ ကြိမ်မြောက် Locarno Film Festival မှာ the Lifetime Achievement Award ကို ယူဖို့ ဆွစ်ဇလန်ကို ဂျက်ကီချမ်း လာတဲ့အချိန်က ဂျေစီချမ်းလည်း ပါလာခဲ့ပါတယ်။ အခုနှစ် ဧပြီလမှာလည်း Dongpo Memorial Hall မှာသူတို့သားအဖအတူတူ အချိန်ဖြုန်းနေတာကို လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက မြင်တွေ့ခဲ့ပါသေးတယ်။

Ref: Jaycee Chan appears with dad Jackie in Singapore

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top