နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ နံပါတ် ၁ နေရာမှာရှိနေတဲ့ The East Palace ကိုရီးယားဇာတ်လမ်းတွဲ

the.webp

Netflix ရဲ့ မူရင်းကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ The East Palace ဟာ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်က ထုတ်လွှင့်ခဲ့တဲ့ Kingdom ပြီးနောက် လူကြည့်အများဆုံး နန်းတွင်းဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။

The East Palace က တောင်ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ နံပါတ် ၁ နေရာ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံပေါင်း ၈၃ နိုင်ငံမှာလည်း နံပါတ် ၁၀ နေရာမှာရှိနေပါတယ်။

ဒီဇာတ်လမ်းတွဲက တစ္ဆေ၊ ဝိညာဉ်တွေရဲ့ ကမ္ဘာကို လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်းရှိသူ ဂူချွန်းနဲ့ ပုံမှန်မဟုတ်ဘဲ သေဆုံးသွားသူတွေရဲ့ အသံနှင့် စကားတွေကို ကြားနိုင်စွမ်းရှိတဲ့ နန်းတွင်းအပျိုတော် ဆိန်ဂန်တို့ ဘုရင်ရဲ့အမိန့်နဲ့ အရှေ့နန်းဆောင်ကို ခြောက်လှန့်နေတဲ့ ကျိန်စာတစ်ခုကို စုံစမ်းစစ်ဆေးတဲ့အကြောင်းဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းစလုံးကို ဇူလိုင် ၁၇ ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

Ref: Netflix’s historical fantasy ‘The East Palace’ hits No. 1 in 17 countries, seven years after ‘Kingdom’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top