ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ ကိုရီးယား Entertainment HYBE နဲ့ Geffen Record တို့ ပူးပေါင်းမွေးထုတ်ပေးထားတဲ့ KATSEYE မိန်းကလေးအဆိုအဖွဲ့ အတွက် Animal အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို ဖန်တီးပေးထားပါတယ်။ ဒီသီချင်းကို ဇူလိုင် ၂၄ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။
KATSEYE အဖွဲ့က HYBE နဲ့ Geffen Records ကြား ပူးပေါင်းဆောင်ရွက်မှုကတဆင့် ၂၀၂၅ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။ အဖွဲ့ရဲ့ နောက်ဆုံးထွက် Gnarly သီချင်းက Billboard Hot 100 မှာ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့ပါတယ်။
အက်ဒ်ရှီရန်က HYBE ရဲ့အနုပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတာနဲ့ မစိမ်းတော့ပါဘူး။ သူက BTS အဖွဲ့အတွက် “Permission to Dance” နဲ့ “Make It Right” သီချင်းတွေအပါအဝင် သီချင်းတော်တော်များများကို ရေးပေးခဲ့ဖူးပါတယ်။
Ref: Ed Sheeran Revealed as Songwriter for KATSEYE’s New Single “Animal”
WL (ရိုးရာလေး)

