ဟွန်ဒိုင်း (Hyundai) ကုမ္ပဏီဟာ Healthy Seas အဖွဲ့နဲ့ပူးပေါင်းပြီး သမုဒ္ဒရာ ကြမ်းပြင်မှာမြုပ်နေတဲ့ စွန့်ပစ်ငါးဖမ်းပိုက်တွေကို ဆယ်ယူကာကားကြမ်းခင်းဖျာအဖြစ် ပြန်လည်အသုံးပြုလျက်ရှိပါတယ်။
ကာတာလီနာကျွန်း (Catalina Island) ကမ်းလွန်ဘက် ရေအောက်ထဲမှာ မြုပ်နေတဲ့ Midnight Hour ငါးဖမ်းသင်္ဘောမှ ငါးဖမ်းပိုက်တွေဟာ ရေနေသတ္တဝါ တွေအတွက် ထောင်ချောက်တစ်ခုလိုဖြစ်နေခဲ့တာ ၁၅ နှစ် ကြာမြင့်ခဲ့ပါပြီ။

လက်တွဲဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ghost Diving USA ရဲ့ ပံ့ပိုးမှုနဲ့အတူ Midnight Hour သင်္ဘောပျက်မှ ရှုပ်ထွေးတဲ့ ငါးဖမ်းပိုက်တွေကို ရေငုပ်သမား တွေက ဖြတ်တောက်ရှင်းလင်း ဆယ်ယူခဲ့ကြတာပါ။
Healthy Seas အဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှစတင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ငါးဖမ်းပိုက်နဲ့ ပင်လယ်ရေအောက် စွန့်ပစ်ပစ္စည်း တန်ချိန် ၁၃၀၀ ကျော်ကို ဆယ်ယူခဲ့ပါတယ်။ Hyundai ကုမ္ပဏီကတော့ ၂၀၂၁ ခုနှစ်မှာ Healthy Seas အဖွဲ့ကို စတင်ကူညီပေးခဲ့ပြီး ပင်လယ်ကြမ်းပြင်မှပစ္စည်းတွေကို ကားကြမ်းပြင်ခင်းဖျာများအဖြစ်ပြန်လည်အသုံးပြုနေတာပါ။
အကျိုးအမြတ်မယူတဲ့ Healthy Seas အဖွဲ့ဟာ Hyundai နဲ့ ပူးပေါင်းပြီး ဥရောပနဲ့ ကိုရီးယားတို့မှာ စွန့်ပစ်ပလတ်စတစ်တွေကို ဖယ်ရှားရှင်းလင်းပေးဖို့ နှစ် ပေါင်းများစွာလုပ်ဆောင်ခဲ့ပြီး အခုအခါမှာတော့ ဒီမစ်ရှင်ကို အမေရိကန်နိုင်ငံထံ ယူဆောင်လာခဲ့တာပါ။

Hyundai ရဲ့ အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၀ နိုင်ငံမှာဒီမစ်ရှင်ကို ပူးပေါင်းဆောင်ရွက်နေပြီး ပင်လယ်ရေအောက် အမှိုက်တန်ချိန် ၃၂၀ ကျော်ကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref: Hyundai Partners with Healthy Seas to Turn Scourge ‘GhostNets’ into Floor Mats for Cars
NZ (ရိုးရာလေး)

