ကင်မ် ကာဒါရှန် နဲ့ ကန်နေးဝက်စ်တို့ ကွာရှင်းပြတ်ဆဲတော့မယ်လို့ သတင်းထွက်ရှိနေ

6-1-2021-yyl14.jpg

ကင်မ် ကာဒါရှန်နဲ့ ကန်နေးဝက်စ်တို့စုံတွဲ ကွာရှင်းကြတော့မယ်လို့ အမေရိကန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အသက် ၄၀ အရွယ် ဆိုရှယ်မီဒီယာအကျော်အမော ကင်မ်ဟာ သူ့ခင်ပွန်း ရက်ပ်ပါအဆိုတော် ကန်နေးဝက်စ်က ဝိုင်အိုးမင်းပြည်နယ်မှာ နေထိုင်နေပြီး လော့စ်အိန်ဂျယ်လိစ်မြို့မှာ သူနဲ့လည်း ပြန်လည်ပေါင်းစည်းဖို့ အစီအစဉ်မရှိတဲ့အတွက် သူတို့ပြီးသွားပြီလို့ ပြောပါတယ်။ သူတို့အတွဲက ကွာရှင်းဖို့ဆဲဆဲဖြစ်နေပြီး ကင်မ်က နာမည်ကျော်တွေ ကွာရှင်းတဲ့အခါ တာဝန်ယူပေးရတဲ့ ရှေ့နေ လောရာ ဝက်စ်ဆာကိုလည်း ငှားရမ်းနေတယ်လို့ Page Six သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ကန်နေးဝက်စ်က ဒေါ်လာ ၁၄ သန်းတန် မွေးမြူရေးခြံကြီးထဲမှာ နေထိုင်နေစဉ်ကတည်းက ကင်မ်က သူ့ရဲ့လက်ထပ်လက်စွပ်ကို မဝတ်တော့ဘူးဆိုတဲ့ သတင်းလည်းထွက်ရှိခဲ့ပါတယ်။ ကန်နေးဝက်စ်က ဝိုင်အိုးမင်းပြည်နယ်ကို သွားနေတဲ့အတွက် သူတို့နှစ်ဦး သီးခြားစီနေထိုင်နေရင်းကနေ ကွာရှင်းဖို့အထိဖြစ်လာခဲ့တယ်လို့ Source တွေအရ သိရပါတယ်။

ကင်မ်ဟာ သူ့ခင်ပွန်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာနဲ့ကြုံတွေ့ရတုန်းကလည်း သူကပဲ ဘေးကနေ အားပေးနှစ်သိမ့်ပေးခဲ့သူပါ။ ဒါပေမဲ့ ထွက်ရှိလာတဲ့သတင်းတွေကလည်း ဒီအားပေးပံ့ပိုးမှုက နောက်ဆုံးအခြေအနေထိရောက်သွားခဲ့ပြီဆိုတာကို ညွှန်ပြနေပါတယ်။ သတင်းSource တွေကတော့ ကင်မ်က အရမ်းကို ရင့်ကျက်နေပြီဖြစ်တဲ့အတွက် အခုဆိုရင် ဒီကွာရှင်းမှုက ဖြစ်လာတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကန်နေးက ကာဒါရှန်တို့မိသားစုရဲ့ဘဝနေထိုင်မှုပုံစံကြောင့် စိတ်ကသိကအောက်ဖြစ်လာခဲ့တဲ့အပြင် သူတို့အားလုံးရဲ့ဦးဆောင်မှုကိုလည်း စိတ်မသက်မသာဖြစ်လာရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ကင်မ်ရဲ့အသက် ၄၀ ပြည့်မွေးနေ့တုန်းကလည်း ကန်နေးက နောက်ကျမှ ရောက်လာခဲ့ပြီး အစောကြီးထွက်သွားခဲ့တဲ့အပြင် အင်စတာဂရမ်ဓာတ်ပုံတွေမှာလည်း သူ့ကို မမြင်တွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ကင်မ်က သူ့ခင်ပွန်းနဲ့အတူ ငွေစိုက်ထုတ်ပြီး ပြန်လည်ဆန်းသစ်တည်ဆောက်ထားတဲ့ ကယ်လီဖိုးနီးယားက Calalbasas အိမ်ကြီးကို ပြန်ရဖို့ ကြိုးစားနေတယ်လို့လည်း Source တွေက ပြောပါတယ်။ ကလေးတွေက အဲဒီအိမ်ကြီးမှာ ကြီးပြင်းနေရပြီး သူတို့ရဲ့အိမ်ဖြစ်လို့ပါတဲ့။ ကင်မ်က အိမ်နားတစ်ဝိုက်က မြေတွေအားလုံးကို ပိုင်ဆိုင်ပေမဲ့ အိမ်ကိုတော့ ကန်နေးဝက်စ်က ပိုင်ဆိုင်တာဖြစ်ပါတယ်။

ကင်မ် ကာဒါရှန်နဲ့ ကန်နေးဝက်စ်တို့ ကွာရှင်းဖို့လုပ်တာက ခဏခဏရှိနေပြီး အခုတစ်ခါတော့ တကယ်ကြီးဖြစ်နိုင်တယ်လို့ သတင်းတွေက ဆိုထားပါတယ်။ ကင်မ်နဲ့ ကန်နေးတို့ဟာ ၂၀၁၄ခုနှစ်က အီတလီနိုင်ငံမှာ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။ သူတို့အတွဲက သားသမီး (၄) ဦးကို ပိုင်ဆိုင်ထားကြပါတယ်။

Ref: theMirror “Kim Kardashian and Kayne West ‘getting divorced’ as ‘she is done with him'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top