၆၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ဘွဲ့ရခဲ့ပြီဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ် အဘွားအို

old-woman.jpg

ယိုဟန်အလက်ဇန္ဒားဟာ ဘွဲ့ရချင်တဲ့ သူ့အိပ်မက်ကို ဆယ်စုနှစ် ၆ ခုကျော် မမေ့လျှော့ခဲ့ဘဲ နောက်ဆုံးမှာတော့ အသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ရခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက မိန်းတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး ကျောင်းဆရာမ ဖြစ်လာဖို့ ရည်မှန်းထားခဲ့သူပါ။

ဒါပေမဲ့ အဲဒီခေတ်က လူ့အဖွဲ့အစည်းရဲ့ စည်းဘောင်တွေ၊ မူဝါဒတွေကြောင့် သူ့အစီအစဉ်တွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ့ ယိုဟန်ဟာ တက္ကသိုလ်တက်နေရင်း ကိုယ်ဝန်ရှိသွားခဲ့လို့ပါပဲ။ အဲဒီအတွက် ၁၉၅၉ ခုနှစ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ယိုဟန်က ခင်ပွန်းနဲ့ သမီး ၄ ယောက်အတွက်သာ အချိန်ကုန်ဆုံးခဲ့ရပေမဲ့ သူ့အိပ်မက်ကိုတော့ မမေ့လျော့ခဲ့ပါဘူး။ ယိုဟန်ရဲ့ အငယ်ဆုံးသမီး ထရေစီက မိန်းတက္ကသိုလ်ထံ ဆက်သွယ်ခဲ့ပြီး သူ့အမေရဲ့ ပညာသင်မှတ်တမ်းကို အခုချိန်အထိ ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ပညာရေးနဲ့ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကောလိပ်ရဲ့ တွဲဖက်ပါမောက္ခ ဂျက်စတင်ဒင်မယ်က ဒီအကြောင်းကို စိတ်ဝင်စားသွားခဲ့ပါတယ်။

သူက ယိုဟန်ရဲ့ မှတ်တမ်းတွေကို လေ့လာချိန်မှာ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတုန်းက မူကြိုအရွယ် ကလေးငယ်တွေကို အိမ်ကနေ စာသင်ကြားနိုင်တဲ့ အစီအစဉ်အတွက် အချိန်ပြည့် ဆောင်ရွက်ပေးခဲ့တာ တွေ့ရှိခဲ့ပါတယ်။ ယိုဟန်ရဲ့ မှတ်တမ်းတွေကို သဘောကျသွားခဲ့တဲ့ မိန်းတက္ကသိုလ်က သူ့ကို ပညာရေးဆိုင်ရာသိပ္ပံဘွဲ့ အပ်နှင်းခဲ့တာပါ။ သူဟာ နှစ်ပေါင်း ၁၆၀ သက်တမ်းရှိတဲ့ မိန်းတက္ကသိုလ်သမိုင်းမှာ အသက်အကြီးဆုံး ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

Ref: 88-Year-Old Woman Finally Earns College Degree After 65-Year Wait

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top