ဘတ်ချောအွန်းလို့ မြန်မာပရိသတ်တွေသိကြတဲ့ ကိုရီးယားထိပ်တန်းမင်းသားဆိုဂျီဆပ်ဟာ သူ့ရဲ့ကိုယ်ပိုင်ငွေတွေကို ရက်ရက်ရောရောသုံးပြီးတော့ သူနဲ့အတူ ဇာတ်လမ်းတွဲရိုက်ကူးတဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။
လက်ရှိထုတ်လွှင့်ပြနေတဲ့ Agent Kim Reactivated ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ ဆိုဂျီဆပ်ဆီကနေ ရွှေလက်ဆောင်တစ်ခုစီရရှိခဲ့တယ်လို့ ဇူလိုင် ၂၆ ရက်နေ့က သတင်းတွေထွက်ရှိခဲ့ပါတယ်။ ဆိုဂျီဆပ်က ရွှေလက်ဆောင်နဲ့အတူ “ဒီပရောဂျက်ကို လုပ်ဆောင်ရတာက ကျွန်တော့်ကို ပျော်ရွှင်မှုတွေနဲ့ မမေ့နိုင်စရာအမှတ်တရတွေ ယူဆောင်လာပေးခဲ့ပါတယ်။ Agent Kim Reactivate ကို အသက်ဝင်စေဖို့ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်”ဆိုတဲ့စာလေးလည်းပါပါတယ်။
ဆိုဂျီဆပ်က အဖွဲ့သားတိုင်းအတွက် ကိုယ်တိုင်ပြင်ဆင်ခဲ့တာကြောင့် ဒီအကြောင်းက လူမှုကွန်ယက်ပေါ်မှာ မြန်မြန်ဆန်ဆန်ပဲပျံ့နှံ့သွားခဲ့ပါတယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ငွေ ဝမ်သန်း ၁၀၀ ကို သုံးပြီးတော့ ထုတ်လုပ်ရေးမှာပါတဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဖွဲ့သား ၃၀၀ ခန့်ကို ရွှေ (၁) ဂရမ်စီလက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ငွေပမာဏအတိအကျကို အတည်ပြုဖို့ခက်ခဲပေမဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ လက်ဆောင်တွေပြင်ဆင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မင်းသား ဆိုဂျီဆပ်က ရုပ်ရှင်အဖွဲ့သားတွေကို လက်ဆောင်တွေ ရက်ရက်ရောရောပေးတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ပြသသွားခဲ့တဲ့ Mercy for None ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့နောက်မှာလည်း ရုပ်ရှင်အဖွဲ့သားတွေကို ရွှေလက်ဆောင်ပေးခဲ့ပါသေးတယ်။
Ref: So Ji Sub Spends Nearly ₩100 Million of His Own Money on Gold Gifts for 300 “Agent Kim Reactivated” Staff Members
WL (ရိုးရာလေး)

