အမေရိကန်မေဂျာလိဂ် (MLS) ကလပ် Los Angeles FC (LAFC) နဲ့ တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်းတို့မှာ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားနေတဲ့ ကမ္ဘာကျော်ဘောလုံးသမား ဆွန်ဟောင်မင်ဟာ လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ဆွန်ဟောင်မင်နဲ့တွေ့ဆုံခဲ့တဲ့ ဗီဒီယိုကို ပရိသတ်တစ်ဦး မျှဝေခဲ့ပြီးတဲ့နောက်မှာ အခုလိုကောလဟာလတွေထွက်ပေါ်လာခဲ့တာပါ။ အဲ့ဒီဗီဒီယိုထဲမှာ ဆွန်ဟောင်မင်ရဲ့ဘက်ဖက်လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ဆင်ထားတာကို ပရိသတ်တွေ သတိပြုမိခဲ့တာပါ။
အဲ့ဒီလက်စွပ်ကို LAFC က တင်ခဲ့တဲ့ တရားဝင်ဓာတ်ပုံတွေမှာလည်း တွေ့ခဲ့ရပါတယ်။ ဒီလက်စွပ်က ပြင်သစ်ဇိမ်ခံအမှတ်တံဆပ်လက်စွပ်ဖြစ်ပြီး အဲ့အမှတ်တံဆိပ်ရဲ့ Wedding Ring စုစည်းမှုမှာ ပါဝင်ကာ ကန်ဒေါ်လာ ၇၀၀၀ ဝန်းကျင်ရှိတယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဆွန်ဟောင်မင်က လက်ထပ်ဖို့ ပြင်ဆင်နေနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ မြန်မြန်ဆန်ဆန်ပဲ ထွက်ရှိလာခဲ့ပါတယ်။

ဆွန်ဟောင်မင်ရဲ့ မကြာသေးခင်က ပြောဆိုချက်တွေကြောင့် ထင်ကြေးပေးမှုတွေ များလာခဲ့တာပါ။ မကြာသေးခင်က ဟောင်မင်က Us Weekly နဲ့ အင်တာဗျူးမှာ မိသားစုတစ်ခုစတင်ပြီး တည်ငြိမ်တဲ့ဘဝကို နေထိုင်ဖို့ စဉ်းစားသင့်တဲ့ အသက်အရွယ်ရောက်နေပြီဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
အခုကတော့ သူဟာ စေ့စပ်ထားတာလား (ဒါမှမဟုတ်) လက်ထပ်ဖို့စီစဉ်နေလားဆိုတာကို တရားဝင်အတည်ပြုချက်မရှိသေးဘူးဖြစ်ပါတယ်။
Ref: Son Heung Min Sparks Marriage Rumors After Wearing a $7,000 Ring
WL (ရိုးရာလေး)

