ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ် တို့ Insurance Asia Awards 2026 အခမ်းအနားတွင် “Strategic Partnership of the Year” ဆု ဂုဏ်ပြုချီးမြှင့်ခံရ

yoma.jpg

ရန်ကုန်၊ မြန်မာ၊ ဇူလိုင်လ (၂၈) ရက်၊ ၂၀၂၆ ခုနှစ် – ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် ဇူလိုင်လ အစောပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Insurance Asia Awards 2026 အခမ်းအနားတွင် Strategic Partnership of the Year ဆု အား ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။ ဘဏ်မှတစ်ဆင့် အာမခံဝန်ဆောင်မှုများ ပေးအပ်သည့် (Bancassurance) လုပ်ငန်းစဉ်မှ အသက်အာမခံနှင့် ကျန်းမာရေးအာမခံ ဗဟုသုတများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ငွေကြေးအကာအကွယ်များ ဖန်တီးပေးနိုင်ခဲ့ခြင်းနှင့် မြန်မာ့အာမခံ နှင့် ဘဏ္ဍာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အထောက်အကူပြုနိုင်ခဲ့သည့် ရေရှည်အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုများအား ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် အသက်အာမခံနှင့်ကျန်းမာရေးအာမခံ ဝန်ဆောင်မှုများအား ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတဝန်း အာမခံဝန်ဆောင်မှုများအား ပိုမိုလက်လှမ်းမှီနိုင်စေပြီး အာမခံအကာအကွယ်များရရှိနိုင်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပရူဒန်ရှယ်အာမခံ၏ အာမခံနယ်ပယ်နှင့် ပတ်သက်သော ကျွမ်းကျင်မှုများနှင့် ရိုးမဘဏ်၏ ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသည့် မိဘပြည်သူများနှင့် ချိတ်ဆက်နိုင်စွမ်း၊ ပြည်တွင်းဈေးကွက်အပေါ် နားလည်ကျွမ်းကျင်မှုများအား ပေါင်းစပ်မှုမှတစ်ဆင့် ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် လိုအပ်ချက်များအပေါ် မူတည်ပြီး လူမှုအသိုက်အဝန်းအတွက် လိုအပ်သည့် အသက်အာမခံနှင့် ကျန်းမာရေးအာမခံဝန်ဆောင်မှုများကို ဖန်တီးပေးအပ်နိုင်ခဲ့သည်။

ပရူဒန်ရှယ်အာမခံ၏ Chief Distribution Officer ဖြစ်သူ  ဒေါ်ဆုသက်ထွဏ်း က “ပရူဒန်ရှယ်အာမခံနဲ့ ရိုးမဘဏ်တို့ဟာ မိတ်ဖက်အဖြစ် စတင်လက်တွဲခဲ့တဲ့ အချိန်မှစပြီး ဝယ်ယူသူများ၏ ရေရှည်ငွေကြေးလုံခြုံမှုနဲ့ အာမခံအကာအကွယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး အမျိုးအစားစုံလင်လှတဲ့ အာမခံ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖောက်သည်များအတွက် ပိုမိုကျယ်ပြန့်တဲ့ ငွေကြေးဆိုင်ရာ ကာကွယ်မှုတွေနဲ့ အရည်အသွေးမြင့် အာမခံဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ဝန်ထမ်းတွေ၊ အာမခံကိုယ်စားလှယ်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုခရီးစဉ်ဟာ ပြည်သူတွေရဲ့ အနာဂတ်ဘဝလုံခြုံမှုကို အထောက်အကူပြုစေနိုင်မယ့် အာမခံအကာအကွယ်တွေကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယနေ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုများအတွက် ပရူဒန်ရှယ်နှင့် ရိုးမဘဏ် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ယုံကြည်အားပေးခဲ့ကြသော ကာစတန်မာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။”

“‘Strategic Partnership of the Year’ ဆုကို ဆွတ်ခူးရရှိခဲ့တာဟာ ပရူဒန်ရှယ်အာမခံ နဲ့ ရိုးမဘဏ် တို့ အတူတကွလက်တွဲတည်ဆောက်ခဲ့ကြတဲ့ အောင်မြင်မှုတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဝယ်ယူသူတွေကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်မတို့ တွေရဲ့ အဓိက အားသာချက်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ခိုင်မာတဲ့ မိတ်ဖက် ဆက်ဆံရေးကို မီးမောင်းထိုးပြနေတာပါ။ ရှေ့ဆက်ပြီးတော့လည်း အရေးပါတဲ့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံ ဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာရယူနိုင်စေဖို့နဲ့ ဝယ်ယူသူ တွေရဲ့ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရိုးမဘဏ်၏ Chief Customer Officer ဖြစ်သူ ဒေါ်ခင်မူမူမြင့် က ဖြည့်စွက်ပြောကြားခဲ့သည်။

Charlton Media Group ၏ အဖွဲ့ဝင်ဖြစ်သော Insurance Asia Magazine မှ ကြီးမှူးကျင်းပသည့် Insurance Asia Awards သည် ယခုအခါ (၁၁) ကြိမ်မြောက် သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး အာရှ-ပစိဖိတ် ဒေသတွင်း အာမခံကဏ္ဍနယ်ပယ် အတွင်း ဂုဏ်သိက္ခာကြီးမှားလှသော ထိပ်တန်း ဂုဏ်ပြုဆုပေးပွဲကြီး ဖြစ်ပါသည်။ “Strategic Partnership of the Year” ဆုသည် စီးပွားရေးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဝယ်ယူသူများအတွက် တန်ဖိုးဖန်တီးပေးမှုများကို ဖော်ဆောင်နိုင်သည့် ထူးချွန်အောင်မြင်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုပေးခြင်းဖြစ်သည်။ အဆိုပါဆုများကို ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကွန်ရက် (Professional Services Network) များမှ ဒေသတွင်း အကြီးတန်း အာမခံနယ်ပယ်ခေါင်းဆောင်များနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု အကြံပေးပညာရှင်များ ပါဝင်သော လွတ်လပ်သည့် အကဲဖြတ်အဖွဲ့က စနစ်တကျ စိစစ်သုံးသပ် အကဲဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းသည် ပရူဒန်ရှယ်အာမခံ နှင့် ရိုးမဘဏ် တို့၏ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ် (၁၀) နှစ်အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပြီး မကြာမီတွင် ရရှိခဲ့ခြင်း ဖြစ်ပြီးမြန်မာနိုင်ငံရှိ ပြည်သူများ၊ မိသားစုများနှင့် လူမှုအဖွဲ့အစည်းများအတွက် ပိုမိုခိုင်မာကောင်းမွန်သော ငွေကြေးဆိုင်ရာအကာအကွယ်နှင့် အာမခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး ပံ့ပိုးပေးရန်ဟူသည့် ဘုံရည်မှန်းချက်ကို ပိုမိုခိုင်မာသွားစေနိုင်မည် ဖြစ်သည်။ ထို့အပြင် ယခု အသိအမှတ်ပြုခံရမှုသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးနှင့် တိုးတက်မှု အခွင့်အလမ်းသစ်များကို အတူတကွ လက်တွဲဖော်ဆောင်ပေးရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းမှု ကတိကဝတ်ကိုလည်း ထင်ဟပ်လျက်ရှိပါသည်။

ပရူဒန်ရှယ်အာမခံ အကြောင်း ပိုမိုသိရှိလိုပါက (https://www.prudential.com.mm/mm/) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ် မေးမြန်းစုံစမ်းလိုသည်များရှိပါက သို့မဟုတ် အာမခံဝန်ဆောင်မှု ရယူလိုပါက ပရူဒန်ရှယ် အာမခံ ၏ Hotline ဖုန်းနံပါတ် (+၉၅ ၉၇၇ ၀၁၁ ၀၀၁၀) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top