မိသားစုလစဉ်စရိတ် ရလိုမှုဖြင့် အဖေက သားကို တရားစွဲ

3.12.2021yyl9.jpg

ကင်ညာနိုင်ငံသား ဖခင်တစ်ယောက်ဟာ မိသားစုလစဉ်အသုံးစရိတ်အဖြစ် သားဖြစ်သူရဲ့ လစာ ၂၀ ရာခိုင်နှုန်းကို ရရှိဖို့ တရားစွဲဆိုခဲ့ပါတယ်။

သူ့ရဲ့လယ်ကွက်နဲ့ ပစ္စည်းဥစ္စာ အများစုကို ထုခွဲရောင်းချပြီး သားဖြစ်သူကို တက္ကသိုလ်အထိ ရောက်အောင် ပညာသင်ပေးခဲ့ပေမဲ့ သူ့သားက အလုပ်ရသွားပြီးနောက်မှာ မိသားစုကို ပြန်မကြည့်ခဲ့ဘူးလို့ ၇၃ နှစ်အရွယ် အဘိုးအို ချီရိုဝိုက ပြောပါတယ်။

ချီရိုဝိုမှာ သား ၄ ယောက်ရှိပေမဲ့ ကျန်တဲ့သား ၃ ယောက်က အလုပ်မရှိကြပါဘူး။ ချီရိုဝို တရားစွဲဆိုထားတဲ့ သားက ကင်ညာနိုင်ငံ လေဆိပ်အာဏာပိုင်အဖွဲ့မှာ အလုပ်လုပ်နေသူဖြစ်ပြီး အသက် ၄၈ နှစ်အရွယ်ရှိပါပြီ။

ချီရိုဝိုတို့ မိသားစုဟာ ကင်ညာနိုင်ငံအနောက်ပိုင်းက ရွာတစ်ရွာမှာ ရွှံ့အိမ်နဲ့ နေရသူတွေပါ။ မိသားစုက စရိတ်ပြန်ထောက်ပေးဖို့ ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ပေမဲ့ သားဖြစ်သူကတော့ ပြီးခဲ့တဲ့ ၁၇ နှစ်လုံးလုံး အိမ်ပြန်မလာခဲ့ဘူးလို့ ချီရိုဝိုက ဆိုပါတယ်။

ချီရိုဝိုက သားဖြစ်သူကို တရားစွဲထားပေမဲ့ ရှေ့နေစရိတ် မတတ်နိုင်လို့ ရှေ့နေမငှားပါဘူး။ အငယ်ဆုံးသားကို အသိသက်သေအဖြစ် ခေါ်လာခဲ့ပါတယ်။ သူတို့အစ်ကိုက နိုင်ရိုဘီမြို့မှာ အလုပ်ရသွားကတည်းက မိသားစုကို စွန့်ပစ်သွားခဲ့တာလို့ ညီအငယ်ဆုံးက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

Ref: BBC “Kenyan father sues son for upkeep money”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top