ဩဂုတ်လ ၂၉ ရက်နေ့က မလေးရှားနိုင်ငံမှာ အမျိုးသားနေ့အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ရောက်လာတဲ့ ကြောင်လေးတစ်ကောင်ရှိပါတယ်။ အဲ့ဒီကြောင်လေးက လူအုပ်ကြီးရဲ့ အာရုံစိုက်မှုကို ရရှိသွားခဲ့တာပါ။ ” King Oyen ” လို့ အမည်ရတဲ့ အသက် ၆ နှစ်အရွယ် လိမ္မော်ရောင်ကြောင်လေးဖြစ်ပြီး သူက သူ့ရဲ့ကိုယ်ပိုင်စူပါဆိုင်ကယ်နဲ့ ပွဲအခမ်းအနားကို ရောက်လာခဲ့တာပါ။

ဒီပွဲအခမ်းအနားကို ရောက်လာခဲ့တာက King Oyen ရဲ့ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ King Oyen မှာ အင်စတာဂရမ်အကောင့်ရှိပြီး အဲ့ဒီအကောင့်မှာ အမျိုးသားနေ့အစမ်းလေ့ကျင့်ရေးကို လာတဲ့ သူ့ရဲ့ပုံရိပ်တွေကို မြင်တွေ့ရပါတယ်။ King Oyen က အမျိုးသားတစ်ယောက်ရဲ့လက်ထဲမှာ စတိုင်ကျစွာနဲ့ ထိုင်နေတာတွေ့ရပါတယ်။ ပြီးတော့ သူ့ကို လူအုပ်ကြီးဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ King Oyen က လူအုပ်ကြီးနဲ့ ကင်မရာတွေကို မစိမ်းပါဘူး။ သူက လူတွေအတွက် Pose ပေးရတာကြိုက်တယ်လို့ သခင်ဖြစ်သူ စီတီ ဇာလီဖာ အဗ္ဗဒူလ် အာဇစ်ကပြောပါတယ်။

King Oyen ရဲ့စိတ်ကြိုက်ပြုလုပ်ထားတဲ့အမျိုးသားနေ့ဝတ်စုံက နှစ်တိုင်း ပြည်တွင်းအိမ်မွေးတိရစ္ဆာန်ဆိုင်က စပွန်ဆာပေးတာဖြစ်တယ်လို့ သိရပါတယ်။ အရင်က နှစ်ပတ်လည်ပွဲတွေကို အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့ဖူးတာအပြင် လှေလှော်ပွဲ၊ စက်ဘီးစီးပွဲ၊ မြင်းစီးပွဲစတဲ့ ပြင်ပလှုပ်ရှားမှုပွဲတွေဆီလည်း King Oyen ကို သခင်ဖြစ်သူက ပုံမှန်ခေါ်သွားလေ့ရှိပါတယ်။ ဒါတွေအားလုံးက ကြောင်လေးကို အမျိုးမျိုးသောပတ်ဝန်းကျင်မှာ လုံခြုံဘေးကင်းမှုကို ခံစားရအောင် ကူညီပေးပါတယ်။ King Oyen က သူတို့နဲ့ အတူ လုံခြုံမှုကို ခံစားရတဲ့အခါတိုင်း လူတွေနဲ့ နီးနီးကပ်ကပ်နေရတာ သက်တောင့်သက်သာဖြစ်ပါတယ်။ အခုဆို လူအုပ်တွေကြားထဲ နေရတာ ကြိုက်နေပါပြီ။
Ref: Orange cat aptly named ‘King Oyen’ arrives on superbike, steals hearts at M’sia’s National Day rehearsal
WL (ရိုးရာလေး)

