အမေရိကန်မှာ စစ်ဘက်သုံးလေယာဉ်တစ်စီး ပျက်ကျ၊ ၉ ဦး သေဆုံးဖွယ်ရှိနေ

101146082_521fd20c-1c96-429b-8612-7239ee681a17.jpg

မေလ ၂ ရက်နေ့က အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ စစ်ဘက်သုံးလေယာဉ်တစ်စီး ပျက်ကျသွားခဲ့ပြီးနောက် လူ ၉ ဦးလောက် သေဆုံးဖွယ်ရှိနေတယ်လို့ သိရပါတယ်။ C 130 အမျိုးအစား စစ်ဘက်သုံးကုန်တင်လေယာဉ်ဟာ အမေရိကန်နိုင်ငံ ဆာဗန်နက် ကမ်းရိုးတန်းမြို့ရှိ ပြည်တွင်း လေဆိပ်အနီး အမြန်လမ်းဘေးကို ထိုးကျသွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ လေယာဉ်ပေါ် လိုက်ပါလာခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလေယာဉ်ဟာ ပူအာတိုရီကို အမျိုးသားလေကြောင်းတပ်ဖွဲ့ပိုင်ဖြစ်ပြီး လေကျင့်ပျံသန်းနေချိန်မှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာမှာ မီးလောင်ကျွမ်းခဲ့ပြီး မီးခိုးငွေ့တွေ ကောင်းကင်ယံကို ပျံ့နှံ့နေမှု နဲ့ မီးလောင်နေတဲ့အပျက်အစီးတွေကို လူမူကွန်ရက်က တစ်ဆင့် ရုပ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။

ပူအာတိုရီကို လေကြောင်း တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ပေါ်ဒက်လန်က လေယာဉ်ပေါ်မှာ လူ ၉ ဦးလိုက်ပါခဲ့ပြီး လေယာဉ်ဝန်ထမ်း ၅ ဦးနဲ့ ခရီးသည် ၄ ဦးဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။ စစ်ဘက်သုံး လေယာဉ်ပျက်ကျမှု နဲ့ ပတ်သက်လို့ အခြေအနေတွေကို ဆက်ပြီးစောင့်ကြည့်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာမှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

စစ်ဘက်သုံးလေယာဉ်ပေါ်  လိုက်ပါခဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ အသေးစိတ်အခြေနေကို သိရှိနိုင်ဖို့ သတင်း အချက်လက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး မကြာမီ လူ ၅ ဦးသေဆုံးခဲ့တယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် သေဆုံးသူ အရေအတွက်ဟာ ၉ ဦးအထိ ရှိလာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာကို အရေးပေါ် ကယ်ဆယ်ရေးကားတွေ ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားခဲ့သူတွေဟာ လေကြောင်း တပ်ဖွဲ့ကို ဂုဏ်ယူရလောက်တဲ့သူတွေဖြစ်ကြောင်း၊ မိသားစုတွေ ဆွေမျိုးတွေနဲ့အတူ ဆုတောင်းပေးမူတွေ လုပ်ဆောင်ရမယ်ဖြစ်ကြောင်း ပူအာတိုရီကို လေကြောင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တွစ်တာက တစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

Ref: bbc “Nine feared dead in Georgia as aircraft comes down”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top