အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ မက်ဆီ အနားယူပြီ

45d43c60-a55b-11f1-9acf-19576105f049.jpg

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၁ နှစ်ကြာ ကစားပေးခဲ့ပြီးနောက်မှာတော့ လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ကလေးဘဝကတည်းက စပိန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ဆုဖလားကြီးတွေ ရယူနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင် ဗိုလ်လုပွဲ အရှုံးတွေ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်မှုတွေကြောင့် လက်ရွေးစင်အဖြစ်ကနေ အနားယူခဲ့ပါသေးတယ်။

ဒါပေမဲ့ နည်းပြစကာလိုနီရဲ့ ဖြောင့်ဖြမှုနဲ့အတူ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးခဲ့ပြီး ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၄ ကိုပါအမေရိကဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဟာ ၃၆ နှစ်တာကာလအတွင်း အာဂျင်တီးနားအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆွတ်ခူးမှုဖြစ်ပြီး မက်ဆီဟာလည်း ဘောလုံးသမိုင်းမှာ ကစားသမျှ ပြိုင်ပွဲတိုင်း ဆုရဖူးသူ ဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် ၂၀၇ ပွဲ ကစားပြီးချိန်မှာ ၁၂၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး၊ တောင်အမေရိကဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူပါ။

“အင်မတန်နာကျင်ရတဲ့ ဆုံးဖြတ်ချက်ပါ။ ခုထိ ရင်ထဲ နာကျင်နေတုန်းပါပဲ။ ဒါပေမဲ့ အချိန်တန်ပြီဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီနောက်ပိုင်းနှစ်တွေမှာတင် မဟုတ်ပါဘူး၊ အဲဒီမတိုင်ခင်ကတည်းကလည်း ကျွန်တော် အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ကျိန်ဆိုရဲပါတယ်။ ဒီဂျာစီအတွက်၊ ခင်ဗျားတို့ကို ပျော်ရွှင်မှုတွေပေးနိုင်ဖို့နဲ့ ဘောလုံးအားကစားကတစ်ဆင့် အာဂျင်တီးနားလူမျိုးဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားစေဖို့အတွက် ကွင်းထဲမှာ ကျွန်တော် အမြဲတမ်း အစွမ်းကုန်တိုက်ပွဲဝင်ပြီး ရှိသမျှအရာအားလုံးကို ပေးဆပ်ခဲ့တာပါ”လို့ မက်ဆီက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ အာဂျင်တီးနားကို ကိုယ်စားပြု ကစားပေးခဲ့တဲ့အတွက်၊ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့အတွက်၊ အရာအားလုံးအတွက် မက်ဆီကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Ref : Lionel Messi announces he is retiring from Argentina’s national team

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top