အခုနှစ်မှာ ရုပ်ရှင်ကားရော ဇာတ်လမ်းတွဲမှာပါ မြင်တွေ့ရမယ့် ထိုင်းမင်းသားချော Mark Prin

mark.webp

ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ပိုင်နိုင်တဲ့ ထိပ်တန်းထိုင်းမင်းသားချောကို Mark Prin ကို မြန်မာပရိသတ်တွေ တော်တော်များများသိကြပါတယ်။ အခုနှစ်မှာဆိုရင် Mark Prin ကို အခြားနာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ကားမှာရော ဇာတ်လမ်းတွဲမှာပါ မြင်တွေ့ရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က Mark Prin ဟာ သူ့ရဲ့ရုပ်ရှင်ကားအသစ် In the Name of Love ရဲ့ အထူးပြပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကို စက်တင်ဘာ ၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Mark Prin က မင်းသား Gulf Kanawut၊ မင်းသမီး Ink Waruntorn တို့နဲ့အတူ Khun Phaen ဇာတ်ကောင်ကို သရုပ်ဆောင်ထားပါတယ်။

Mark Prin က နာမည်ကြီးဇာတ်လမ်းတွဲကို ပြန်ရိုက်ထားတဲ့ “Empress of Flame” ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Boy Pakorn၊ မင်းသမီး Pancake Khemanit၊ မင်းသမီး Baifern Pimchok၊ မင်းသမီး Yada Narilya တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ref : Mark Prin returned to both big and small screen in 2026

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top