လာမဲ့ စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ OPPO Myanmar AED နဲ့ COCO Original တို့ ပူးပေါင်းကာ Times City Public Area မှာ “ Explore Your Planet ” ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က ယခု နှစ်ပိုင်းတွေမှာ နည်းပညာပိုင်းမှာ တိုးတက်ကောင်းမွန်အောင် ကြိုးစားနေရုံသာမက လူငယ်တွေနဲ့ ပိုပြီးနီးကပ်အောင်၊ နီးစပ်အောင် ကြိုးစားလျက်ရှိပါတယ်။ ယခုတစ်ခါမှာလဲ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က လူငယ်တွေကြား ရေပန်းစားနေတဲ့ ခေတ်ရှေ့ပြေး ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးပေးနေတဲ့ မြန်မာပြည်တွင်း ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ COCO ORIGINAL နဲ့ ပူးပေါင်းကာ နည်းပညာ၊ ဖက်ရှင်နဲ့ လူငယ်ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံသစ်များကို ဖန်တီးပေးသွားတော့မှာဖြစ်ပါတယ်။ ယခုလို မတူညီတဲ့ နယ်ပယ် နှစ်ခုက အမှတ်တံဆိပ်နှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သမားရိုးကျ နည်းပညာထုတ်ကုန်တွေကို မိတ်ဆက်ပေးခြင်းထက် ပိုမိုကျော်လွန်ပြီး ယနေ့ခေတ်လူငယ်များ အလေးထားကြတဲ့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အမြင်နှင့် ဖန်တီးနိုင်စွမ်းတွေကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ အားပေးကူညီပေးမှုတစ်ခုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမက တိုးတက်ကောင်းမွန်လာတဲ့ စမတ်ဖုန်းနည်းပညာနဲ့ ခေတ်မီဖက်ရှင်တို့ကို ပေါင်းစပ်ကာ လူငယ်တွေအတွက် ဖက်ရှင်စတိုင်နဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံတွေကတစ်ဆင့် လူငယ်တွေရဲ့ ကိုယ်ပိုင်ဟန်ပန်တွေကို ပိုမိုဖန်တီးဖော်ပြနိုင်မဲ့ အခွင့်အရေးတွေကိုလဲ ဖန်တီးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသာမက လူငယ်တွေနဲ့ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့နီးကပ်နိုင်ဖို့အတွက် စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ OPPO Myanmar AED နဲ့ COCO Original တို့ ပူးပေါင်းကာ Times City Public Area မှာ “ Explore Your Planet ” ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ OPPO ရဲ့ Product Ambassador ဖြစ်သူ ပိုင်တံခွန် ၊ OPPO Partner ဖြစ်သူ Lu Hpring ၊ လင်းအောင်ခေတ် ၊ Gunn နှင့် Lar Devora တို့က အဓိကအနေနဲ့ တက်ရောက်သွားမှာဖြစ်ပြီး အခြားသော အနုပညာရှင်နဲ့ လူငယ် Creator တွေကလဲ တက်ရောက်အားပေးသွားကြမှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာဆိုရင် နည်းပညာက လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာတာနဲ့ အမျှ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO အနေဖြင့် စမတ်ဖုန်းတွေဟာ ခေတ်ရှေ့ပြေးတဲ့ အဆင့်မြင့် နည်းပညာတွေကို ပေးစွမ်းနိုင်ရုံသာမက ပိုမိုကောင်းမွန်ဆန်းသစ်တဲ့ ဖန်တီးမှု၊ ကိုယ်ပိုင်ဟန်ပန်ဖော်ပြမှုနှင့် လူမှုဆက်သွယ်မှုတွေအတွက် အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်သင့်ကြောင်း ယုံကြည်ထားတာဖြစ်သလို လူငယ်တွေရဲ့ နေ့စဉ်ဘဝနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ယခုလို မြန်မာလူငယ်တွေ သဘောကျတဲ့ မြန်မာပြည်တွင်း ဖက်ရှင် အမှတ်တံဆိပ် COCO ORIGINAL နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

COCO ORIGINAL ရဲ့ ထူးခြားတဲ့ Streetwear Identity နဲ့ OPPO ရဲ့ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတို့ကို ပေါင်းစပ်ခြင်းအားဖြင့် ဖက်ရှင်နဲ့ နည်းပညာဆုံတွေ့ရာ၊ ဖန်တီးမှုနဲ့ နေ့စဉ်ဘဝတို့ ချိတ်ဆက်ရာဖြစ်တဲ့ ပိုမို ထူးခြားဆန်းသစ်တဲ့ Platform တစ်ခုကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုအတွင်း ဖက်ရှင်၊ ဓာတ်ပုံ၊ ဒစ်ဂျစ်တယ် Content ဖန်တီးမှု ၊ လူငယ်တွေ သဘောကျကြတဲ့ ခေတ်ရေစီးကြောင်းပေါ် အခြေခံထားတဲ့ စိတ်ဝင်စားဖွယ်ရာ လှုပ်ရှားမှုတွေနဲ့အတူ ဆန်းသစ်လှတဲ့ အတွေ့အကြုံပေါင်းများစွာကို ဖန်တီးပေးသွားမှာဖြစ်ပြီး လူငယ်တွေအနေနဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO ရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ခေတ်ရှေ့ပြေးတဲ့ AI လုပ်ဆောင်ချက်တွေကို အလွယ်တကူ တွေ့ကြုံ ခံစားနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် ယခု ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံက ဆန်းသစ်တဲ့အတွေးအခေါ်ရှိတဲ့ လူငယ်အသိုက်အဝန်း တစ်နည်းအားဖြင့်ဆိုရရင် Local Creative Community တွေကို အားပေးမြှင့်တင်သလို လူငယ်တွေအနေနဲ့လဲ ကိုယ်ပိုင်ဟန်ပန်နှင့် ဖန်တီးနိုင်စွမ်းတွေကို မတူညီတဲ့ ပုံစံတွေနဲ့ အမြဲ ဖော်ထုတ်နေနိုင်ဖို့အတွက် အရေးပါမှုကိုလဲ ဖော်ပြနေတာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း နည်းပညာ အမှတ်တံဆိပ်တစ်ခုနှင့် မြန်မာနိုင်ငံရဲ့ လူငယ်အခြေစိုက် ပြည်တွင်းဖက်ရှင် အမှတ်တံဆိပ်တစ်ခုတို့ ပူးပေါင်းခြင်းအားဖြင့် မြန်မာလူငယ်များနှင့် ပိုမိုသက်ဆိုင်ပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးရန် OPPO က ရည်ရွယ်ထားတာဖြစ်ပါတယ်။

OPPO Reno16 Series 5G မှာ ပါရှိလာတဲ့ Industry-first HoloVerse 3D Technology ကို အသုံးပြုထားကာ အလင်းရောင်နဲ့ လှုပ်ရှားမှုအလိုက် ပြောင်းလဲမြင်တွေ့ရတဲ့ အာကာသ Nebula ပုံစံ Floating Visual Effect ဒီဇိုင်းဟာ စမတ်ဖုန်းလောကရဲ့ ပထမဆုံးဖြစ်သလို နဂိုမူလတည်းက လူငယ်တွေအကြား ရေပန်းစားကျော်ကြားနေဆဲဖြစ်တဲ့ ခေတ်မီ နောက်ဆုံးပေါ် ဒီဇိုင်းတစ်ခုလဲ ဖြစ်ပါတယ်။
ဒါတင်သာမက ဖုန်းရဲ့ နောက်ကျောကို ကြည့်လိုက်မယ်ဆိုရင် Micro-lens သန်းပေါင်းများစွာက အလင်းရောင်တွေကို Space အတွင်း ပြန်လည်ဖန်တီးပေးထားတဲ့ ပုံစံနဲ့အတူ ပုံရိပ်တွေ လွင့်မျောနေသလိုမျိုး ထင်ရှားထူးခြားတဲ့ 3D Visual အမြင်ပုံစံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလို Nebula ပုံစံ Floating Effect ကို ဖန်တီးပုံဖော်ရာမှာလည်း သာမန်ဒီဇိုင်းတစ်ခုကို ပြုလုပ်ရုံနဲ့ မရဘဲ အလင်းရောင်၊ အနက်အရောင်နဲ့ 3D အလွှာအလွှာပေါ်ထွက်မှုတွေကို အသေးစိတ်ချိန်ညှိကာ အာကာသထဲက ဂြိုဟ်နဲ့ ကြယ်မှုန်တွေ လွင့်မျောနေသလို သဘာဝကျကျမြင်ရအောင် ခက်ခက်ခဲခဲ ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီလို ထူးခြားတဲ့ Design Language ကို အခြေခံပြီး လူငယ်တွေအနေနဲ့လည်း မိမိတို့ရဲ့ ထူးခြားသစ်လွင်တဲ့ စွမ်းရည်နဲ့ သတ္တိတွေကို ရဲဝံ့စွာ ဖော်ပြနိုင်စေဖို့အတွက် OPPO Myanmar AED က Local Fashion Brand တစ်ခုဖြစ်တဲ့ COCO Original နဲ့အတူ နည်းပညာနဲ့ လူငယ်ဖက်ရှင်ကို ပေါင်းစပ်ကာ ပြန်လည်ဖန်တီးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ အာကာသထဲက Nebula တစ်ခုကို ပုံဖော်ဖို့အတွက် Micro-lens သန်းပေါင်းများစွာနဲ့ အသေးစိတ်အလွှာပေါင်းများစွာကို ခက်ခက်ခဲခဲ ဖန်တီးထားသလိုပဲ လူငယ်တွေရဲ့ ကိုယ်ပိုင် Style နဲ့ Identity ကိုလဲ သာမန်ပုံစံထက် ကျော်လွန်ပြီး ထူးခြားရဲရင့်စွာ ဖော်ပြနိုင်စေဖို့ ဒီ Collaboration ကနေတစ်ဆင့် ခေတ်မီ Futuristic Fashion Collection အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO အနေနဲ့ ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် လူငယ်မျိုးဆက်သစ်တွေနဲ့ ပိုမိုထိရောက်စွာ ထိတွေ့ဆက်သွယ်နိုင်မဲ့ နည်းလမ်းအသစ်တွေကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး နည်းပညာကို ပိုမိုဖန်တီးမှုရှိရှိနဲ့ အဓိပ္ပာယ်ရှိရှိ အသုံးချခံစားနိုင်မဲ့ အတွေ့အကြုံတွေကို ဆက်လက်ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းတွေသာမက ခေတ်မီတိုးတက်တဲ့ နည်းပညာတွေနဲ့ ထောက်ပံ့ပေးလျက်ရှိတဲ့ OPPO နဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းတွေနဲ့ ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့မှ တစ်ဆင့် လေ့လာ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။
#OPPO #OPPOAIPhone #COCOORIGINAL
NZ (ရိုးရာလေး)

