စက်တင်ဘာ ၁၃ ရက်နေ့က ထိုင်းမင်းသမီးချော Toey Jarinporn ဟာ 2026 Bangkok International Film Festival ပွဲမှာ ပါဝင်ခဲ့ပြီး အင်တာဗျူးဖြေကြားခဲ့ပါတယ်။ အင်တာဗျူးမှာအခု သူ တစ်ကိုယ်တည်းပါပဲလို့ ပြောကြားခဲ့ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သူ့ချစ်သူ နိုင်ငံခြားသားနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆင်ပြေပြေနဲ့ အေးဆေးစွာ လမ်းခွဲခဲ့တာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ Relationship ကို သူ့ဘဝမှာ ကောင်းတဲ့သင်ခန်းစာနဲ့ အခိုက်အတန့်တစ်ခုအဖြစ်လည်း မှတ်ယူထားပါတယ်။

” အရမ်းကြီးမကြာသေးပါဘူး။ တစ်လကျော်ရုံလောက်ပါပဲ။ ဒါပေမဲ့ ကျေးဇူးပြုပြီး အနာကို ဆားမပွတ်ပါနဲ့။ မတူကွဲပြားတဲ့အရာတွေကို စူးစမ်းလေ့လာဖို့ အခွင့်အရေးရလို့ ပျော်ရွှင်ခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး မအောင်မြင်ခဲ့ဖူးပေမဲ့ အဆင်ပြေပါတယ်။ ဒါကို ကျွန်မ့ဘဝမှာ ကောင်းတဲ့အခိုက်အတန့်လို့ ယူဆထားပါတယ်။ လူတိုင်းလည်း ဒီလို အတွေ့အကြုံတွေကနေ ဘဝသင်ခန်းစာတွေကျော်ဖြတ်ခဲ့ရတယ်လို့ ယုံကြည်ပါတယ်။ ချစ်ခြင်းမေတ္တာကနေတဆင့် အရေးပါတဲ့သင်ခန်းစာကို လက်ခံရရှိခဲ့ပါတယ်။ လူတိုင်းရဲ့အခိုက်အတန့်က မတူကြပေမဲ့ အဆင်ပြေကြပါတယ် “လို့ Toey က ထုတ်ပြောခဲ့တာပါ။
မင်းသမီး Toey Jarinporn နဲ့ သူ့ရဲ့ မက္ကစီကန်လူမျိုးချစ်သူကောင်လေး Carlos E.Lang နဲ့ ၂ နှစ်တာတွဲခဲ့ကြတာပါ။
Ref: Toey Jarinporn has reportedly broken up with her foreign boyfriend
WL (ရိုးရာလေး)

