OPPO က COVID-19 ရောဂါကာကွယ်‌ရေးနဲ့ ကုသရေးလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျပ်သိန်း ၂၀၀ လှူဒါန်း

OPPO-Covid-19-Donation-Photo-2.jpg

စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က အခုလက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် သက်ဆိုင်ရာ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်တဲ့ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ပြင်ဆင်ထားရှိနိုင်ရန်နှင့် အခြား လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၂၀၀ ကို ဧပြီလ (၉) ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ပါဝင်လှူဒါန်းခဲ့ခြင်းက အခုCOVID-19 ရောဂါနှင့် တွေ့ကြုံနေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဂရုတစိုက် အလေးထားခြင်း ဖြစ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်မယ့် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များကို ပိုမိုထိ‌‌ရောက်အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါတယ်။

ဒါ့အပြင် OPPO က အစဉ်တစိုက် အားပေးလာတဲ့ မြန်မာပြည်သူများနှင့် OPPO Myanmar AED ဝန်ထမ်းများရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိရာ OPPO မိသားစုဝင် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများကို မတ်လလယ် မှ စကာ တတ်နိုင်သမျှ မိမိတို့ နေအိမ်၌သာ နေ၍ အလုပ်လုပ်ကိုင်နိုင်စေရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

OPPO အရောင်း Centre များနှင့် Customer Service Centre များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူး ဂရုပြုဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံရှိ Smartphone သုံးစွဲသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းတွင် ဖုန်းကို ပိုးသတ်သန့်ရှင်းပေးသော Phone Santizing Machine များကိုလည်း OPPO တံဆိပ် ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက် အသုံးပြု နိုင်အောင် စီစဉ်ပေးထားပါတယ်။ OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်တိုင် ရာရောက် ဝယ်ယူနိုင်ကြစေရန် ပို့ဆောင်ခ ပေးရန်မလိုဘဲ shop.com.mm (https://www.shop.com.mm/shop/oppo) မှ တစ်ဆင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်လည်း စီစဉ်ပေးလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top