လူငယ်တွေအတွက် All-in-One Device တစ်ခုအဖြစ် ဖန်တီးထားတဲ့ OPPO Reno16 Series 5G နဲ့ အတူ ပျော်ရွှင်စရာအတွေ့အကြုံတွေကို ဖန်တီးပေးခဲ့တဲ့ “Explore Your Planet” ပွဲကြီး

sho9-2.webp

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ခေတ်မီတိုးတက်လာတဲ့ နည်းပညာလုပ်ဆောင်ချက်တွေနဲ့အတူ ဖုန်းတစ်လုံးထက် ပိုမိုတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မဲ့ OPPO Reno16 Series 5G ကို သုံးစွဲသူတွေအနေနဲ့ ကိုယ်တိုင်ခံစားထိတွေ့နိုင်စေဖို့နဲ့ လူငယ်တွေနဲ့ Creator တွေအတွက် လက်တွေ့အသုံးချနိုင်မဲ့ အတွေ့အကြုံတွေကို ရရှိစေဖို့ ရည်ရွယ်ပြီး “Explore Your Planet” ပွဲကြီးကို စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေက Times City Public Area မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
 


OPPO Reno16 Series 5G မှာ ပါဝင်လာတဲ့ လူငယ်တွေအကြား ရေပန်းစားနေတဲ့ Pop Cam လုပ်ဆောင်ချက်၊ အဝေးကအရာဝတ္ထုတွေကို ပိုမိုရှင်းလင်းပြတ်သားစွာ ရိုက်ကူးမှတ်တမ်းတင်နိုင်မဲ့ 3.5x Telephoto Camera နဲ့ Third-Party Application တွေကို အသုံးပြုစရာ မလိုဘဲ ခေတ်ဆန်တဲ့ ပုံရိပ်တွေကို တစ်ချက်တည်း ဖန်တီးနိုင်မဲ့ AI Remix Collage စတဲ့ လုပ်ဆောင်ချက်တွေကို တစ်နေရာတည်းမှာ လက်တွေ့စမ်းသပ်အသုံးပြုနိုင်စေဖို့အတွက် အဆိုပါ “Explore Your Planet” ပွဲကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
 


အဆိုပါ “Explore Your Planet” ပွဲကို စက်တင်ဘာ ၁၉ ရက် နဲ့ ၂၀ ရက်ဆိုပြီး နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်၊ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring နဲ့ Lara Devora တို့အပြင် ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေ၊ လူငယ် Creator တွေက တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါနေ့မှာ OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်က ပရိသတ်တွေနဲ့အတူ OPPO Reno16 5G ရဲ့ Pop Cam လုပ်ဆောင်ချက်ကို အသုံးပြုပြီး သူ့ရဲ့ အိမ်မွေးတိရစ္ဆာန် Capybara နဲ့အတူ ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့သလို OPPO Reno16 Series 5G နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကိုလဲ မျှဝေပေးခဲ့ပါတယ်။ ဒါအပြင် OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring နဲ့ Lara Devora တို့ကလဲ OPPO Reno16 Series 5G နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ပရိသတ်တွေနဲ့အတူ မျှဝေပေးခဲ့ကြပါတယ်။ လူငယ်တွေကြား ရေပန်းစားတဲ့ လူငယ်တေးသံရှင် Lu Hpring ရဲ့ ဖျော်ဖြေမှုကလဲ ပွဲတက်ရောက်လာကြတဲ့ ပရိသတ်တွေအတွက် စိတ်အပန်းပြေ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
 


စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ လင်းအောင်ခေတ်နဲ့ GUNN တို့အပြင် ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေနဲ့ လူငယ် Creator တွေက တက်ရောက်ခဲ့ကြပြီး OPPO Reno16 Series 5G ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေအပြင် ကိုယ်တိုင်အသုံးပြုခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ပရိသတ်တွေနဲ့ မျှဝေပေးခဲ့ကြပါတယ်။ ထို့အပြင် လူငယ်တေးသံရှင် GUNN ရဲ့ တက်ကြွစွာ ဖျော်ဖြေမှုတွေကလည်း OPPO Reno16 Series 5G ရဲ့ လူငယ်ဆန်တဲ့ Vibe နဲ့ ထပ်တူကျစွာ ပွဲတက်ရောက်လာကြတဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ အမှတ်တရအချိန်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
 
အဆိုပါပွဲမှာ OPPO က လူငယ်တွေကြား အလားအလာကောင်းတဲ့ မြန်မာပြည်တွင်း ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ COCO ORIGINAL နဲ့ ပူးပေါင်းကာ နည်းပညာ၊ ဖက်ရှင်နဲ့ လူငယ်ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံသစ်တွေကိုလဲ ဖန်တီးပေးခဲ့ပါတယ်။ အဆိုပါ ပူးပေါင်းမှုကနေတစ်ဆင့် နည်းပညာနဲ့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ထူးခြားတဲ့ Fashion Vibe တစ်ခုကို ခံစားရရှိစေခဲ့ပါတယ်။ ဒါတင်သာမက OPPO က သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေနိုင်စေဖို့ စက်တင်ဘာ ၃၀ အထိ OPPO Reno16 Series 5G ဝယ်ယူသူများအား Cashback ၁၀၀,၀၀၀ ကျပ် ပြန်လည်ပေးအပ်သွားမဲ့ အစီအစဉ်ကိုပါ ထပ်မံစီစဉ်ထားလျက်ရှိပါတယ်။ 
 
လူငယ်တွေအတွက် အခွင့်အလမ်းတွေနဲ့အတူ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေကို ပံ့ပိုးပေးလျက်ရှိပြီး လူငယ်တွေနဲ့အတူ တသားတည်း ရပ်တည်နိုင်ဖို့ အမြဲတမ်းကြိုးစားလျက်ရှိတဲ့ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO ရဲ့ နောက်ဆုံးပေါ်  သတင်းတွေနဲ့ ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6  တို့မှ တစ်ဆင့် လေ့လာ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။
 
#OPPO #OPPOReno16Series5G #COCOORIGINAL

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top