လမ်းခွဲပြီးနောက် ချစ်သူဟောင်း မင်းသမီးထံမှ တင်တောင်းငွေ ပြန်ရဖို့ ကြိုးစားနေတဲ့ တရုတ်ဘီလျံနာ

91c86df5-9bdf-4964-9eb0-34f9b3c8457a_1508dee6.webp

တရုတ်မင်းသမီး ကျင်းထျန်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ သူ ပေးခဲ့တဲ့ တင်တောင်းစရိတ် အမေရိကန်ဒေါ်လာ ၄.၅ သန်း ပြန်လည်ရလိုကြောင်း တရုတ်ဘီလျံနာ ဂျက်စတင်ဆန်းက တရားစွဲဆိုခဲ့ပါတယ်။

Blockchain ကုမ္ပဏီ Tron ကို တည်ထောင်သူ ဂျက်စတင်ဆန်းဟာ မင်းသမီး ကျင်းထျန်နဲ့ လက်ထပ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံမှာ အငှားကိုယ်ဝန်ဆောင် ကလေးမွေးဖွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ကျင်းထျန်ဘက်မှ ဒေါ်လာ သန်း ၅၀ တောင်းဆိုတဲ့ကိစ္စအတွက် အဆင်မပြေ ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ကျင်းထျန်ဘက်မှ အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး သူ့အနေနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းမယ်ဆိုရင် တင်တောင်းစရိတ် အမေရိကန်ဒေါ်လာ ၄.၅ သန်းပေးမှ သဘောတူမယ်လို့ ကျင်းထျန်ရဲ့မိဘတွေ ဖိအားပေးတာကြောင့် ဒေါ်လာ ၄.၅ သန်း ပေးခဲ့ရတယ်လို့ ဂျက်စတင်ဆန်းက ဆိုပါတယ်။

အခုအခါမှာ အဲဒီငွေ ဒေါ်လာ ၄.၅ သန်းကို ပြန်လည်ရရှိလိုကြောင်း တရားစွဲဆိုထားတာပါ။ မင်းသမီး ကျင်းထျန်က ဒီကိစ္စအပေါ် တိုက်ရိုက်တုံ့ပြန်တာမျိုး မရှိသေးပေမဲ့ “သူ့အနေနဲ့ လူကဲခတ်ညံ့ခဲ့တယ်၊ ချစ်ခြင်းမေတ္တာနဲ့ သူ့စိတ်ဝိဉာဉ်ကို ငွေကြေးနဲ့ ဘယ်တော့မှ လဲလှယ်မှာမဟုတ်ဘူး”လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၈.၅ ဘီလီယံရှိတဲ့ ခရစ်တိုဘုရင် ဂျက်စတင်ဆန်းဟာ ၂၀၂၄ ခုနှစ်ကလည်း မော်ရီဇီယိုကက်တီလန်ရဲ့ နာမည်ကျော် “နံရံကပ်ဌက်ပျောသီး” အနုပညာလက်ရာကို ဒေါ်လာ ၆.၂ သန်းနဲ့ဝယ်ယူခဲ့ပြီး၊ သိပ်မကြာခင်မှာပဲ အဲဒီငှက်ပျောသီးကို အခွံခွာ စားပြခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ လူပြောများခဲ့ဖူးပါတယ်။

Ref: Billionaire claiming he paid $4.5 million to marry actress wants it back after romance died

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top