ကမ္ဘာ့အချိန်အကြာဆုံး Lockdown ချခံရတဲ့ မနီလာမြို့တော်ဒေသကို ပိတ်ဆို့မှုရုပ်သိမ်းလိုက်ပြီ

1-6-2020-yyl-007.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ အချိန်အကြာဆုံး Lockdown(ပိတ်ဆို့မှု) လုပ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသမှာတော့ Lockdown ရုပ်သိမ်းလိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က ၇၆ ရက်ကြာ ပိတ်ဆို့ခံခဲ့ရပေမဲ့ မနီလာမြို့တော်ဒေသမှာ ပိတ်ဆို့ခံရတဲ့အချိန်က ဝူဟန်မြို့ထက် ပိုကြာမြင့်ခဲ့ပါတယ်။

မနီလာမြို့တော်ဒေသဟာ မတ်လအလယ်ကတည်းက ပိတ်ဆို့ခံခဲ့ရတာဖြစ်ပြီး အခုအခါမှာတော့ လူတွေကို အလုပ်သွားခွင့်ပေးပြီး ဆိုင်တွေ၊ စက်ရုံတွေ ပြန်ဖွင့်ခွင့်ပေးတဲ့၊ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အတိုင်းအတာတစ်ခုအထိ ပြေးဆွဲခွင့်ပြုတဲ့ အထွေထွေဒေသန္တာရကွာရန်တင်း(GCQ)အဆင့်ကို လျှော့ချလိုက်ပါပြီ။ ဒါပေမဲ့ ကိုယ်လက်လေ့ကျင့်ရေးခန်းမတွေ၊ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေဆိုင်တွေ၊ ညကလပ်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၀၈၆ ယောက် ရှိပြီး ၉၅၇ ယောက် သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top