၆ နှစ်ကြာချစ်သူတွေဖြစ်ပြီးနောက် လမ်းခွဲလိုက်တဲ့ ကိုရီးယားမင်းသား ယူဆွန်းဟို နဲ့ မင်းသမီး လင်မ်ဆယ်ဂျူ

date.jpg

ကလေးသရုပ်ဆောင်အဖြစ်ကနေ နာမည်ကြီးမင်းသားဖြစ်လာတဲ့ မင်းသား ယူဆွန်းဟိုနဲ့ မင်းသမီး လင်မ်ဆယ်ဂျူတို့ဟာ ၆ နှစ်ကြာ ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆွန်းဟိုနဲ့ ဆယ်ဂျူတို့ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ထွက်ရှိခဲ့တဲ့ Memorist ဇာတ်လမ်းတွဲနဲ့ ပထမဆုံးဆုံတွေ့ခဲ့ပြီးနောက် ချစ်သူတွေဖြစ်လာခဲ့တယ်လို့ သတင်းမီဒီယာတစ်ခုက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အဲ့ဒီဇာတ်လမ်းတွဲပြီးနောက် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုဆက်သွယ်မှုတွေပေါ်မူတည်ပြီး ရင်းနှီးလာခဲ့တာပါ။ သူတို့က စတွဲကလည်းက ၆ နှစ်ကြာတဲ့အထိ တိတ်တဆိတ်တွဲခဲ့ကြတာပါ။ပရိသတ်တွေတောင် မသိခဲ့ကြပါဘူး။

အခု ဒီသတင်းနဲ့ပတ်သက်ပြီး ဆွန်းဟိုနဲ့ ဆယ်ဂျူတို့ဟာ ချစ်သူတွေမဟုတ်တော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဆယ်ဂျူရဲ့အေဂျင်စီက သူနဲ့ ဆွန်းဟိုတို့ဟာ ၆ နှစ်ကြာတွဲခဲ့ပြီးနောက် မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြတယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ဆွန်းဟိုရဲ့အေဂျင်စီကလည်း သူတို့နှစ်ဦးက ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လမ်းခွဲလိုက်ကြပါပြီ။ လက်ရှိမှာတော့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Yoo Seung Ho And Lim Se Joo Revealed To Have Broken Up

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top