ငှက်အုပ်နဲ့တိုးလို့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

airplane.jpg

ငှက်အုပ်နဲ့တိုးလို့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ မော်စကိုမြို့နားက ပြောင်းဖူးခင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အူရယ်လေကြောင်းလိုင်းရဲ့ Airbus 321 လေယာဉ်ဟာ ခရိုင်းမီးယားဒေသမှာရှိတဲ့ ဆင်ဖာရိုပိုလ်မြို့ကို ပျံသန်းဖို့ မော်စကိုမြို့လေဆိပ်ကနေ ထွက်ခွာခဲ့ပေမဲ့ မကြာခင်အချိန်အတွင်း ဇင်ယော်ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ အင်ဂျင်ရပ်သွားခဲ့ပါတယ်။

လေယာဉ်အင်ဂျင် နှစ်လုံးစလုံးက ဇင်ယော်ငှက်တွေကို စုပ်ယူမိပြီး အင်ဂျင်တွေ ရပ်သွားတာပါ။ ဒါကြောင့် ဘီးလုံးတွေ ခေါက်လျက်သား အနေအထားနဲ့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်အရေးပေါ် ဆင်းသက်ရချိန်က လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၂၃၃ ဦး ပါပါတယ်။

လေယာဉ်မှူးနှစ်ယောက်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် လူ ၂၃၃ ယောက်လုံး အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ ဒါကြောင့် ရုရှားနိုင်ငံက သူတို့ရဲ့ သူရဲကောင်းဘွဲ့ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ ဒီဖြစ်ရပ်မှာ လူ ၂၃ ယောက် ဒဏ်ရာရခဲ့ပြီး လေယာဉ်ကတော့ တော်တော်လေး ပျက်စီးသွားတဲ့အတွက် ခရီးဆက် ပျံသန်းနိုင်တော့မှာမဟုတ်ဘူးလို့ လေကြောင်းလိုင်းက ပြောပါတယ်။

လကြောင်းပျံသန်းမှုမှာ လေယာဉ်တွေနဲ့ ငှက်အုပ်တွေ ထိပ်တိုက်တိုးတာမျိုး မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ တစ်နှစ်ကို ဒီလိုဖြစ်ရပ်မျိုး ထောင်နဲ့ချီ ဖြစ်ပွားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top