ဟယ်ရီစတိုင်ဟာ သူ့ရဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကွယ်လွန်သူ လီယမ်ပိန်း အတွက် ရည်ရွယ်ရေးစပ်ထားတဲ့သီချင်းတစ်ပုဒ်ကို ဖျော်ဖြေတင်ဆက်ကာ အောက်မေ့တသဂုဏ်ပြုခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ Madison Square Garden မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ဟယ်ရီက What Is Enough လို့အမည်ရတဲ့သီချင်းတစ်ပုဒ်ကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီသီချင်းကို ၂၀၂၄ ခုနှစ်မှာ လီယမ်ကွယ်လွန်ပြီးနောက် ရေးစပ်ခဲ့တာလို့ သူက ဆိုပါတယ်။
ဟယ်ရီက ပရိသတ်တွေကို ” နယူးယောက်မှာ ဒီလိုဖျော်ဖြေပွဲတွေ လုပ်ခွင့်ရတာ တကယ့်ကို ကံကောင်းတယ်လို့ ခံစားရပြီး ဒီအဆောက်အအုံကလည်း ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ်။ ကျွန်တော့်ဘဝမှာ သူငယ်ချင်းတွေနဲ့ အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးသူတွေ အများကြီးရှိတယ်။ သူတို့သာ မရှိခဲ့ရင် ဒါတွေကို ကျွန်တော် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ဟာ အဲဒီလို သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်ဆုံးရှုံးခဲ့ရတာ နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ် ” လို့ ပြောကြားခဲ့တာပါ။
သူက “Together, Together” ဖျော်ဖြေရေးခရီးစဉ်အတွင်း Madison Square Garden မှာကျင်းပတဲ့ ရက် ၃၀ ကြာ ဖျော်ဖြေပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အဲ့ဒီသီချင်းကို ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
လီယမ်ပိန်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ရှိ ဟိုတယ်တစ်ခုရဲ့ တတိယထပ် လသာဆောင်ကနေ ပြုတ်ကျကာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
Ref: Harry Styles honors Liam Payne with new song on 2nd anniversary of his death
WL (ရိုးရာလေး)

