အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်က စိုက်ပျိုးရေးပညာရှင် ရွန် ဝေါလေ့စ်က လက်ရှိကမ္ဘာ့အလေးဆုံးရွှေဖရုံသီးစံချိန် (World’s Heaviest Pumpkin Record) ကို တရားဝင် ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ရွှေဖရုံသီးက အလေးချိန် ၃,၁၅၆ ပေါင် (၁,၄၃၁.၅ ကီလိုဂရမ်) ရှိပြီး ကမ္ဘာ့စိုက်ပျိုးရေးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပေါင် ၃,၀၀၀ ကျော် အလေးချိန်တဲ့ ရွှေဖရုံသီးကြီး ဖြစ်ပါတယ်။
ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးအဖြစ် စံချိန်တင်ခဲ့တာက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့ကဖြစ်ပြီး Rhode Island ရှိ Southern New England Giant Pumpkin Weigh-Off ပြိုင်ပွဲမှာ တရားဝင်ချိန်တွယ်ခဲ့တာပါ။ သူ စိုက်ပျိုးခဲ့တဲ့ ရွှေဖရုံသီးက ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးအဖြစ် ကမ္ဘာဂင်းနက်စ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသား အီအန် ပါတွန်ကလည်း အောက်တိုဘာ ၃ ရက်နေ့က အလေးချိန် ၂၈၅၆ ပေါင် ၁၂.၈ အောင်စ (၁၂၉၅.၈ ကီလိုဂရမ်)ရှိတဲ့ ရွှေဖရုံသီးနဲ့ စံချိန်ချိုးခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ရွန် ဝေါလေ့စ်က အီအန်ရဲ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
ရွန် ဝေါလေ့စ်က ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးစံချိန်ကို သူ့ဘဝမှာ (၃) ကြိမ်မြောက်အဖြစ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။ သူက ကမ္ဘာပေါ်မှာ ပေါင် ၁,၅၀၀ ကျော်၊ ပေါင် ၂,၀၀၀ ကျော်နဲ့ ပေါင် ၃,၀၀၀ ကျော် ရွှေဖရုံသီးတွေကို ပထမဆုံးစံချိန်တင်စိုက်ပျိုးနိုင်ခဲ့သူအဖြစ် Guinness World Records မှာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Ref: Worldheaviestpumpkin
WL (ရိုးရာလေး)

