ကင်ညာနိုင်ငံမှာ စွန့်ပစ်ပလတ်စတစ်တွေကို ခြံစည်းရိုးတိုင်အဖြစ် ထုတ်လုပ်အသုံးပြုနေ

pla.jpg

ကင်ညာနိုင်ငံမှာ စွန့်ပစ်ပလတ်စတစ်တွေကို အသုံးပြုပြီး ရေရှည်ခံမယ့် ခြံစည်းရိုးတိုင်တွေ ထုတ်လုပ်လျက် ရှိပါတယ်။ ဒါဟာ ခြံစည်းရိုးတိုင်လုပ်ဖို့ သစ်ပင်ခုတ်မှုကို လျှော့ချပေးပြီး ပလတ်စတစ်ညစ်ညမ်းမှုကိုလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ရပ်အဖြစ် ယူဆထားကြပါတယ်။

အမှိုက်ကန်တွေ၊ မြစ်ချောင်းတွေ၊ လမ်းတွေပေါ် စုပုံနေမယ့် စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကို ကောက်ယူပြီး ခြံစည်းရိုးတိုင်အဖြစ် ထုတ်လုပ်မှုကို EcoPost ကုမ္ပဏီက လုပ်ဆောင်နေတာပါ။

စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကို စုဆောင်း၊ အမျိုးအစားခွဲ၊ အရည်ဖျော် ပုံသွင်းပြီး ခိုင်ခံ့တဲ့ ခြံစည်းရိုးတိုင်တွေအဖြစ် ထုတ်လုပ်တာဖြစ်ပါတယ်။ ပလတ်စတစ်ခြံစည်းရိုးတိုင်တွေဟာ ရေစိုခံပြီး ဆွေးမြေ့ခြင်းလည်း မရှိပါဘူး။

သစ်သားတိုင်တွေနေရာမှာ အစားထိုးသုံးနိုင်လို့ သစ်ပင်တွေ ခုတ်လှဲမယ့်အခြေအနေကနေ ကာကွယ်ပေးရာရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးရာ ရောက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ “ပလတ်စတစ်ညစ်ညမ်းမှု” နဲ့ “သစ်တောပြုန်းတီးမှု” ဆိုတဲ့ အဓိကပတ်ဝန်းကျင်ပြဿနာနှစ်ခုကို တချက်တည်းနဲ့ ဖြေရှင်းပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

Ref: Kenya is turning discarded plastic waste into strong, durable fence posts

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top