အမေရိကန်နိုင်ငံက ကုမ္ပဏီ(၂) ခုက ကိုရိုနာဗိုင်းရပ်စ်ကုသ၊ ကာကွယ်ဆေးကို စတင်စမ်းသပ်ဖို့ စီစဉ်နေ

7-5-2020-yyl-010.jpg

Pfizer Inc နဲ့ BioNTech Se ကုမ္ပဏီ(၂) ခုဟာ အမေရိကန်နိုင်ငံရဲ့လူတွေမှာ စတင်စမ်းသပ်ဖို့အတွက် လေ့လာစမ်းသပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသ၊ ကာကွယ်ဆေးတွေကို ပို့ဆောင်ပေးပြီသွားပြီလို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ ဒီကာကွယ်ဆေးက စမ်းသပ်ကြည့်တဲ့အခါမှာ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိတယ်ဆိုရင် အခုနှစ်ကုန်ပိုင်းမှာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြန့်ဖြူးဖို့ အဆင်သင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသားဓာတ်ရဖို့ mRNA နည်းပညာကို အသုံးပြုထားတဲ့ ဒီကာကွယ်ဆေးက အမေရိကန်နိုင်ငံမှ လူ (၁)သန်းကျော်ကို ကူးစက်စေခဲ့တဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်ပေးမယ့် ပထမဆုံးကာကွယ်ဆေးဖြစ်လာဖို့ အလားလာရှိပါတယ်။ လူနာတွေမှာ အရေးပေါ်အသုံးပြုနေရတဲ့ တချို့ဆေးတွေရှိပေမဲ့ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသဆေးနဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။ အမေရိကန်ရဲ့လေ့လာစမ်းသပ်မှုက BioNTech ဌာနချုပ်ရှိတဲ့ ဂျာမနီက ကမ္ဘာလုံးဆိုင်ရာပရိုဂရမ်ဖြစ်ပါတယ်။

Moderna Inc ကုမ္ပဏီကလည်း ကုသ၊ ကာကွယ်ဆေးဖြစ်မြောက်ဖို့အတွက် အမေရိကန်အစိုးရနဲ့အတူ နည်းပညာအတူတူပဲ သုံးနေကြတာဖြစ်ပါတယ်။ Pfizer ကတော့ အောက်တိုဘာလအစောပိုင်းလောက်မှာ အမေရိကန်နိုင်ငံရဲ့အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးကနေ ခွင့်ပြုချက်ကို မြန်မြန်ရရှိဖို့မျှော်လင့်ကြောင်း၊ ဒါမှ ၂၀၂၀ခုနှစ်ကုန်ပိုင်းမှာ ဆေးပမာဏ သန်း (၂၀) ကျော်ကို ဖြန့်ဝေပေးနိုင်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။ mRNA နည်းပညာကို အသုံးပြုတာက ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန်နဲ့ အကောင်ထည်ဖော်၊ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ မေလကုန်မှာ ရနိုင်မယ့် ကာကွယ်ဆေးမှ ဒေတာတွေက စိတ်ချလုံခြုံရဖို့ မျှော်လင့်တယ်လို့ Pfizer ကပြောပါတယ်။

လူငယ်အုပ်စု၊ လူကြီးအုပ်စုဆိုပြီး အဖွဲ့နှစ်ခုခွဲထားတဲ့ ကျန်းမာသန်စွမ်းတဲ့ စေတနာ့ဝန်ထမ်း(၃၆၀) ဝန်းကျင်ကို အလားလာရှိတဲ့ ကာကွယ်ဆေး (၄) မျိုးကို ထိုးသွင်းစမ်းသပ်သွားမှာဖြစ်ပါတယ်။ ဇူလိုင်လအစောပိုင်းမှာ Pfizerက အမေရိကန်တစ်ဝှမ်းမှာ စမ်းသပ်မှုလုပ်တာတွေကို တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ဆေးစမ်းသပ်ခံမယ့်သူ (၈၀,၀၀၀) ကျော်ကို စာရင်းပေးသွင်းစေမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စမ်းသပ်မှုသာ အောင်မြင်သွားခဲ့ရင် အမေရိကန်နိုင်ငံရဲ့စမ်းသပ်မှုက လေ့လာစမ်းသပ်တဲ့ အစောဆုံးအဆင့်ကနေ ခွင့်ပြုချက်ရတဲ့အထိ ကာကွယ်ဆေး အလျင်အမြန်တိုးတက်မှုတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။ ပုံမှန်ဆိုရင် ကာကွယ်ဆေးဖော်ထုတ်ဖို့ (၉)လ လောက်အချိန်ယူရပါတယ်။

BioNTech က ဥရောပသမဂ္ဂဆိုင်ရာ ထုတ်လုပ်ရေးအဆောက်အဦးမှာ စမ်းသပ်ဖို့အတွက် ကာကွယ်ဆေးထုတ်လုပ်နေပါတယ်။ Pfizerက ကာကွယ်ဆေးအတွက် ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းတိုးတက်ဖို့ ရင်းနှီးမြုပ်နှံံ့နေပြီး ထုတ်လုပ်မှုစတင်ဖို့အတွက် မက်ဆာချူးဆက်ပြည်နယ်၊ မီချီဂန်ပြည်နယ်၊ မစ်ဆိုရီပြည်နယ်၊ ဘယ်လ်ဂျီယမ်တို့မှာ နေရာတွေရှာနေပါတယ်။ ကာကွယ်ဆေးအတွက် ထောက်ခံချက်ရပြီဆိုရင် ကုမ္ပဏီနှစ်ခုလုံးက ကာကွယ်ဆေးကို စီးပွားဖြစ်ပူးတွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: Pfizer, BioNTech set to begin U.S. coronavirus vaccine trial

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top