အိမ်ထောင်ဖက်ရှာဖို့ အခက်ခဲဖြစ်နေတဲ့ တရုတ်MMA ချန်ပီယံ

ufc.jpg

တရုတ်နိုင်ငံရဲ့ပထမဆုံး UFC အမျိုးသမီးချန်ပီယံဖြစ်တဲ့ ကျန်းဝေလီကို အိမ်ထောင်ပြုဖို့ သူ့မိသားစုက ဖိအားပေးလို့နေပါတယ်။ ဝေလီက Dating ဝဘ်ဆိုက်တွေမှာ သူ့ရဲ့အမည်ရင်းကို အသုံးပြုရင် ကိုယ်ရေးအချက်အလက်ပေါက်ကြားမှာကို စိုးရိမ်နေပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျန်းဝေလီဟာ အိမ်ထောင်ဖက်ရှာဖို့ အခက်အခဲကြုံနေရပါတယ်။ သူ့မိသားစုက သူ့မှာချစ်သူကောင်လေးမရှိတဲ့အတွက် အပြစ်တင်ပြောဆိုနေတာပါ။ အနာဂတ်မှာ သူ တွေ့ဆုံမယ့် လက်တွဲဖော်က ရည်မှန်းချက်ကြီးမားသူမဟုတ်ရင် သူ့ကို ငွေကြေးထောက်ပံ့ပေးနိုင်မှာလားလို့ အင်တာဗျူးတစ်ခုမှာ မေးတော့ ထောက်ပံ့ပေးမယ်လို့ ဖြေကြားပါတယ်။ ဝေလီက အိမ်မှုကိစ္စတွေကို ကောင်းကောင်းမလုပ်တတ်တာကြောင့် သူ့ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အရည်အချင်းရှိတဲ့ အမျိုးသားတစ်ဦးကို ရှာဖွေလိုတယ်လို့ ဆိုပါတယ်။

သူ့အတွက် ရည်းစားရှာတာက MMA ပွဲစဉ်တစ်ခုမှာ ယှဉ်ပြိုင်ရတာထက်တောင် ပိုခက်ခဲနေပါတယ်။ ဘာလို့လဲဆိုရင် အွန်လိုင်းမှာ လူတွေက အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာမှာကို ကြောက်တယ်ဆိုပြီး နောက်ပြောင်ပြောဆိုကြလို့ပါပဲ။

ကျန်းဝေလီက အသက် ၁၂ နှစ်အရွယ်မှာ ကိုယ်ခံပညာကို စတင်သင်ယူခဲ့ပြီး UFC Championship ကို အနိုင်ရပြီး တရုတ်နိုင်ငံရဲ့ပထမဆုံးဖိုက်တာဖြစ်လာကာ ၂၀၁၉ ခုနှစ်မှာ နာမည်ရလာခဲ့ပါတယ်။ ၃ နှစ်အကြာမှာ ချန်ပီယံဆုကို ထပ်မံရရှိခဲ့ပါတယ်။ အခုနှစ် ဇွန်လအထိ အချက်အလက်တွေအရ ဝေလီက UFC အမျိုးသမီး Strawweight (ပေါင် ၅၂ အောက်တန်း) မှာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

Ref: China MMA champion Zhang Weili faces family pressure to find a partner, go on blind dates

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top