“I Will Show You” သီချင်းနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ ကိုရီးယားအဆိုတော် Ailee ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီက ငြင်းဆိုလိုက်ပါတယ်။
မကြာသေးခင်က Aliee ဟာ ပြည်တွင်းပွဲတော်တစ်ခုမှာ သူ့ရဲ့နာမည်ကြီးသီချင်းများစွာကို သီဆိုဖျော်ဖြေခဲ့ပြီး အဲ့ဒီပွဲပြီးနောက် သူ့ရဲ့ဖျော်ဖြေမှုဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ကာ အခုလိုသတင်းထွက်ပေါ်လာခဲ့တာပါ။ Ailee က သူ့ရဲ့ခါးကို မပေါ်စေတဲ့ ပွယောင်းယောင်းဝတ်စုံကို ဝတ်ဆင်ခဲ့တာဟာ ကိုယ်ဝန်ရှိနေတာဖြစ်နိုင်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတချို့က ထောက်ပြခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ Ailee ရဲ့အေဂျင်စီ A2Z Entertainment က “Ailee ရဲ့ကိုယ်ဝန်ကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလတွေက အမှန်မဟုတ်ပါဘူး။ အနာဂတ်မှာ မျှဝေဖို့ သတင်းကောင်းတွေရှိရင် အသိပေးပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
Ailee က ပြီးခဲ့တဲ့နှစ် ဧပြီလမှာ သူ့ချစ်သူကောင်လေးမင်းသား Choi Si Hun နဲ့ လက်ထပ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ Ailee ကို ကိုယ်ဝန်လွယ်စေချင်နေကြပါပြီ။
Ref: Ailee’s Agency Denies Pregnancy Rumors
WL (ရိုးရာလေး)

