ကမ္ဘာကျော်မင်းသားကြီး တွမ်ခရုစ် ဟာဆိုရင် သူ့ရဲ့နောက်ထပ်ရုပ်ရှင်အတွက် အမြဲအဆင့်သင့်ဖြစ်နေဖို့ ၇ ရက်လုံးအလုပ်လုပ်နေတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ လူစားမထိုးဘဲ ကိုယ်တိုင်စတန့်တွေလုပ်ဆောင်ခဲ့လို့ နာမည်ကြီးတဲ့ တွမ်က ရိုက်ကွင်းကို မရောက်ခင်ကတည်းက အချိန်အကြာကြီးပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့တာပါ။
” တစ်ပတ် ၇ ရက် အလုပ်လုပ်တယ်။ အနာဂတ်အတွက် ကျွန်တော်ပြင်ဆင်နေတဲ့ အရာတွေကို အဆက်မပြတ်လေ့လာပြီး လေ့ကျင့်နေပါတယ်။ ကျွန်တော်အာရုံစိုက်ဖို့ကြိုးစားတာကတော့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာပါ။ အရာအားလုံးအတွက် ပြင်ဆင်တယ်၊ ပြင်ဆင်တယ်၊ ပြင်ဆင်တယ် ” လို့ တွမ်ခရုစ်က ပြောပါတယ်။
တွမ်က သူ့ရဲ့ဇာတ်ကားအသစ် Digger အတွက် အိုမင်းပြီး ချမ်းသာကြွယ်ဝတဲ့ ရေနံလုပ်ငန်းရှင်ကြီး Rockwell အဖြစ် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲထားပါတယ်။ ဒါက ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ဝန်ခံထားပြီး ရိုက်ကူးနေစဉ်အတွင်း တစ်ကြိမ်ထက်မက ရိုက်ကွင်းနေရာမှာပဲ အိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အိုမင်းတဲ့ရုပ်ရည်အတွက် ပထမဆုံးအကြိမ်မိတ်ကပ်လိမ်းတော့ ၆ နာရီအချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။
Ref: Tom Cruise works 7 days a week to make sure he’s always ready for next film
WL (ရိုးရာလေး)

