သဘာဝပတ်ဝန်းကျင်အတွက် သစ်တောမြေဧက ထောင်ချီ ဝယ်ယူလှူဒါန်းခဲ့သူ

်သ.jpg

Fortnite ဂိမ်းကို ဖန်တီးခဲ့တဲ့ Epic Games ကုမ္ပဏီကို တည်ထောင်သူ တင်မ်ဆွီနေး(Tim Sweeney) ဟာ ၂၀၁၂ ခုနှစ်မှစတင်ပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ်ထဲမှ သစ်တောမြေတွေကို တိတ်တဆိတ် ဝယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးသမားတွေလက်ထဲကို ဒီသစ်တောမြေတွေ ရောက်ရှိသွားပြီး မြေယာပြုပြင်မှုတွေကြောင့် သဘာဝအလှတရားတွေ ပျက်စီးသွားမှာကို ကာကွယ်ဖို့ပါပဲ။

၂၀၂၄ ခုနှစ်မှာတော့ တင်မ်ဆွီနေးက သူ ဝယ်ယူထားတဲ့ သစ်တောမြေဧက ၇,၅၀၀ ဝန်းကျင်ကို Southern Appalachian Highlands Conservancy သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဆီ လှူဒါန်းခဲ့ပြီး South Yellow Mountain Preserve ဘေးမဲ့တောအဖြစ် ဖန်တီးပေးခဲ့ပါတယ်။

ကျယ်ပြောလှတဲ့ အဲဒီနေရာမှာ ရေတံခွန် ၁၁ ခု၊ ရှည်လျားတဲ့ စမ်းချောင်းတွေ၊ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေနဲ့ လှပတဲ့ တောင်ပေါ်သစ်တောဧကထောင်ချီ ပါဝင်ပါတယ်။ ဒါဟာ Southern Appalachian Highlands Conservancy အဖွဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး မြေယာလှူဒါန်းမှု ဖြစ်ပါတယ်။

ဘီလျံနာအများစုက မြေယာတွေကို ဝယ်ယူပြီး စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ ရင်းနှီးမြှုပ်နှံနေကြချိန်မှာ တင်မ်ဆွီနေးကတော့ တောရိုင်းသဘာဝမြေဧက ထောင်ချီကို ကာကွယ်စောင့်ရှောက်ဖို့ ရွေးချယ်ခဲ့တာပါ။

Ref: Tim Sweeney, founder of Epic Games, quietly purchased large areas of forestland

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top