မင်းသား ရုဂျွန်ယောနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းကို မင်းသမီးဟန်ဆိုဟီးရဲ့အေဂျင်စီဘက်က ငြင်းဆို

15.3.24-yyl-1.jpg

ဒီကနေ့ထွက်ရှိလာခဲ့တဲ့ မင်းသား ရုဂျွန်ယောနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး မင်းသမီး ဟန်ဆိုဟီးရဲ့အေဂျင်စီက ငြင်းဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးကို ဟာဝိုင်အီမှာ အပန်းဖြေခရီးထွက်နေတာကို တွေ့လိုက်ရတဲ့သတင်းနဲ့ပတ်သက်ပြီး ရုဂျွန်ယောရဲ့အေဂျင်စီက တုံ့ပြန်လာခဲ့ပြီးတဲ့နောက်မှာ သူတို့နှစ်ဦးရဲ့ကောလဟာလသတင်းကို အခုလိုငြင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

“သူတို့နှစ်ဦး ချိန်းတွေ့နေကြတာမဟုတ်ပါဘူး။ ဟန်ဆိုဟီးက သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ ဟာဝိုင်အီမှာ အပန်းဖြေခရီးထွက်ခဲ့ကြတာပါ”လို့ အေဂျင်စီက ပြောပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်ကို Edaily သတင်းဌာနက မေးမြန်းတော့ “သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝဖြစ်လို့ နားလည်ပေးဖို့ တောင်းဆိုပါတယ်”လို့ ဟန်ဆိုဟီးရဲ့အေဂျင်စီက ဖြေကြားခဲ့ပါတယ်။

ရုဂျွန်ယောနဲ့ ဟန်ဆိုဟီးတို့နှစ်ဦးကို ဟာဝိုင်အီက ဟိုတယ်ရေကူးကန်မှာ အတူတူအပန်းဖြေနေကြတာကို မြင်တွေ့ခဲ့ရတယ်လို့ တစ်စုံတစ်ယောက်က ပို့စ်တင်ခဲ့တာကြောင့် သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းက မတ်လ ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

ဟန်ဆိုဟီးရဲ့အေဂျင်စီက မငြင်းဆိုခင် ရုဂျွန်ယောရဲ့အေဂျင်စီက အခုလို ဖြေကြားခဲ့ပါတယ်။ “ရုဂျွန်ယောက ဓာတ်ပုံရိုက်ကူးမှုလုပ်ဖို့ ဟာဝိုင်အီမှာ ရှိနေတာမှန်ပါတယ်။ မင်းသားရဲ့ကိုယ်ရေးကိုယ်တာအပန်းဖြေခရီးဖြစ်တဲ့အတွက်နားလည်ပေးကြဖို့ တောင်းဆိုပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လတ်တလောမှာတော့ ဟန်ဆိုဟီးနဲ့ ရုဂျွန်ယောတို့နှစ်ဦးလုံးကို “Delusion” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ပြောဆိုဆွေးနွေးနေကြပါတယ်။

Ref: Han So Hee’s Agency Denies Dating Rumors With Ryu Jun Yeol

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top