ကတဲ့သူတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ထုတ်ယူသုံးစွဲမယ့် အကစင်မြင့်

17-10-2022-yyl-28.jpg

စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့က SWG3 ဟာ ပါတီပွဲကြီးပေါင်းများစွာ ဆင်နွှဲခဲ့ဖူးတဲ့နေရာပါ။ ဒီလက စပြီး SWG3 ရဲ့ Dance Floor မှာ ကတဲ့သူတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုမယ့် နည်းပညာအသုံးပြုတော့မှာပါ။ အဲဒီနည်းပညာကို ပုံဖော်ဖို့ ၃ နှစ်ကြာ အချိန်ယူခဲ့ပြီး SWG3 နဲ့ ဘူမိအပူစွမ်းအင် တက်သစ်စလုပ်ငန်း TownRock Energy တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

” ပုံမှန်ကရင် ခန္ဓာကိုယ်ကနေ အပူချိန် ၂၅၀ ဝပ် ထွက်တယ်။ ဒီဂျေတွေ ဘာတွေနဲ့ ခပ်ကြမ်းကြမ်း ခုန်ပေါက်ကခုန်ရင် အပူချိန် ၅၀၀ ဝပ်ကနေ ၆၀၀ ဝပ်ကြား ထွက်တယ်” လို့ TownRock Energy ကို တည်ထောင်သူ ဒေးဗစ်တောင်းဆန်က ပြောပါတယ်။

Bodyheat လို့ အမည်ပေးထားတဲ့ နည်းပညာအရ ကတဲ့သူတွေကနေ ထုတ်လွှတ်တဲ့ ခန္ဓာကိုယ်အပူချိန်ကို Dance Floor ရဲ့အောက် ပေ ၅၀၀ နက်တဲ့ တွင်းပေါက် ၁၂ ပေါက်ဆီ ပို့ဆောင်မှာပါ။ အဲဒီတွင်းပေါက်တွေကတစ်ဆင့် မြေအောက်ကျောက် ကုဗတုံးဆီကို အပူတွေ ရောက်ရှိမှာပါ။ မြေအောက်ကျောက် ကုဗတုံးဟာ ဘက်ထရီသဘောမျိုး လုပ်ဆောင်ပေးမှာဖြစ်ပြီး အကခန်းမထဲမှာ အနွေးဓာတ်နဲ့ ရေပူ ထုတ်လုပ်ပေးဖို့ အပူစွမ်းအင် ထုတ်ပေးမှာပါ။

Bodyheat နည်းပညာကို ပုံဖော်ဖို့ ပေါင် ၆ သိန်း အကုန်အကျခံခဲ့ရတာဖြစ်ပြီး သမားရိုးကျ အပူပေးစနစ် (သို့) အအေးခံစနစ် ထည့်သွင်းတည်ဆောက်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းအထိ အကုန်အကျ သက်သာမှာပါ။ ဒါပေမဲ့ ၅ နှစ်တာကာလအတွင်း မီတာခ သက်သာမှာဖြစ်လို့ ရေရှည်မှာ စရိတ်ကာမိစေနိုင်ပါတယ်။

Bodyheat နည်းပညာ dancefloor ကြောင့် လက်ရှိအသုံးပြုနေတဲ့ ဓာတ်ငွေ့ဘွိုင်လာအိုး ၃ အိုးကို အသုံးပြုစရာ လိုတော့မှာ မဟုတ်ဘဲ SWG3 ရဲ့ နှစ်စဉ်ကာဗွန်ထုတ်လွှတ်မှုကို ကုဗတန်ချိန် ၇၀ လောက်အထိ လျှော့ချနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: Bodyheat – A Dance Floor That Converts Dancer’s Body Heat Into Energy

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top