ပွဲတစ်ခုမှာ ဓာတ်ပုံအတူတွဲရိုက်ခဲ့ကြတဲ့ ဆယ်လီနာနဲ့ ဟေလီ

17-10-2022-yyl-24.jpg

အတူတွဲရိုက်ထားတဲ့ ဆယ်လီနာဂိုမက်ဇ်နဲ့ ဟေလီ ဘီဘာတို့ရဲ့ဓာတ်ပုံတွေဟာ မြင်တွေ့ရတဲ့ တချို့ပရိသတ်တွေကို မယုံကြည်နိုင်ဖြစ်စေခဲ့ပါတယ်။ ဒီပုံတွေကိုဖြတ်ညှပ်ကပ်လုပ်ထားသလားလို့တောင် ထင်မှတ်ခဲ့ကြတာပါ။ သူတို့ (၂) နှစ်ဦး ဓာတ်ပုံတွဲရိုက်ခဲ့ကြတာက အမှန်တကယ်ပါ။ စနေနေ့ညက Academy Museum of Motion Pictures ရဲ့ဒုတိယနှစ်ပတ်လည်ပွဲနေ့ညမှာ ဆယ်လီနာနဲ့ဟေလီတို့ တွေ့ဆုံခဲ့ပြီး အတူဓာတ်ပုံရိုက်ဖြစ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ဟေလီဟာ Call Her Daddy အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ရည်စားဟောင်းဆယ်လီနာဆီက ဂျက်စတင်ဘီဘာကို လုယူခဲ့တယ်ဆိုတဲ့ ကောလဟလကို ငြင်းဆိုခဲ့ပြီးနောက်မှာ ဆယ်လီနာနဲ့ အခုလို အတူမြင်ခဲ့ရတာပါ။ ဆယ်လီနာနဲ့ ဟေလီတို့နှစ်ယောက်ကြား ဆက်ဆံရေးကောင်းမွန်တာကို အပြုံးကိုယ်စီနဲ့အတူတွဲရိုက်ထားတဲ့ပုံတွေမှာ မြင်တွေ့ရနိုင်ပါတယ်။ ပုံတစ်ပုံမှာ ဆယ်လီနာက ဟေလီရဲ့ပေါင်ကို ကိုင်ထားပြီး မျက်နှာချင်းအပ်ထားတာ တွေ့ရပါတယ်။ နောက်ထပ်ပုံတွေမှာတော့ တောက်ပတဲ့အပြုံးတွေပန်ဆင်ပြီး တစ်ယောက်နဲ့တစ်ယောက်နီးနီးကပ်ကပ်ရပ်နေကြတာ၊ ပွေ့ဖက်နေကြတာပါ။

ဆယ်လီနာနဲ့ ဟေလီတို့က ဓာတ်ပုံအတူတွဲရိုက်ပြီးတော့ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးအဆင်မပြေဘူးဆိုတဲ့ ကောလဟလတွေကို ရပ်တန့်စေချင်နေပုံပါပဲ။ ဟေလီက ဆယ်လီနာနဲ့ အဆင်ပြေတယ်ဆိုတာကို Call Her Daddy မှာလည်း ထုတ်ပြောခဲ့ပါသေးတယ်။ သူ ဂျက်စတင်ဘီဘာနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ဆယ်လီနာနဲ့ အချင်းချင်းစကားပြောဖြစ်ကြတယ်၊ သူတို့နှစ်ယောက်ကြား ဒရာမာခင်းတာမျိုးမရှိဘူးလို့ ပြောခဲ့ပါတယ်။

Ref: People “Hailey Bieber Poses with Selena Gomez Weeks After Addressing Rumors She ‘Stole’ Justin Bieber”

NZ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top