ရှားပါးပန်းပွင့်တာကို မြင်တွေ့ချင်တဲ့ မိခင်ဖြစ်သူကို ပခုံးပေါ်ထမ်းပြီး တောင်ပေါ်ကို ခေါ်သွားပြခဲ့တဲ့ သား (၂) ဦး

17-10-2022-yyl-38.jpg

ရှားပါးပန်းပွင့်တာကို မြင်တွေ့ချင်တဲ့ မိခင်ဖြစ်သူကို ပခုံးပေါ်ထမ်းပြီး တောင်ပေါ်ကို ခေါ်သွားပြခဲ့တဲ့ သား (၂) ဦး

ကီရာလာပြည်နယ်က အမျိုးသား (၂) ဦးဟာ အသက် (၈၇) နှစ်အရွယ်မိခင်ဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူတို့ရဲ့မိခင်ကို ပခုံးပေါ်ထမ်းပြီး မတ်စောက်တဲ့ တောင်ကုန်းပေါ်တက်ခဲ့ကြပါတယ်။ သက်ကြီးရောဂါခံစားနေရတဲ့ သူတို့ရဲ့အမေ အလီကူတီ ပေါလ်က သားဖြစ်သူတွေထဲက တစ်ယောက်ကို အနီးနားက ခရိုင်မှာ ပွင့်တဲ့ Neelakurinji ပန်းတွေကို မြင်တွေ့ခွင့်ရချင်တယ်လို့ ပြောခဲ့တာပါ။

မိခင်ဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တာကြောင့် ရိုဂျန်နဲ့ ဆစ်သ်ရန်တို့က သူတို့ရဲ့အမေကို မွန်နာမြို့လေးက ကယ်လီပါရာတောင်မှာ ပွင့်နေတဲ့ Neelakurinji ပန်းကို ပြဖို့ ဂျစ်ကားနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီတောင်ကို ရောက်ဖို့ ၁၀၀ ကီလိုမီတာ ခရီးနှင်ခဲ့ရပါတယ်။ အဲဒီနေရာကို ရောက်ပြီးမှ တောင်ထိပ်ကို သွားဖို့ ကားလမ်းမရှိဘူးဆိုတာ သိလိုက်ရပါတယ်။

ရှားပါးပန်းပွင့်တာကို မြင်တွေ့ချင်တဲ့ မိခင်ဖြစ်သူကို ပခုံးပေါ်ထမ်းပြီး တောင်ပေါ်ကို ခေါ်သွားပြခဲ့တဲ့ သား (၂) ဦး

ဒါပေမဲ့ သူတို့အမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ကို လက်မလွှတ်ဘဲ သူတို့ရဲ့အမေကို ပခုံးပေါ်ထမ်းပြီး ခရမ်းရောင်ပန်းခင်းကြီးရှိနေတဲ့ တောင်ထိပ်ကို ရောက်ဖို့ ၁.၅ ကီလိုမီတာ ခြေလျင်လျှောက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ သူတို့အမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြပါတယ်။

Neelakurinji ပန်းက အိန္ဒိယနိုင်ငံရဲ့အနောက်ဘက်တောင်တန်းတွေမှာ တွေ့ရတဲ့ ရှားပါးပန်းဖြစ်ပြီး သီးခြားဧရိယာတစ်ခုမှာ (၁၂) နှစ်ကို တစ်ကြိမ်သာ ဖူးပွင့်ပါတယ်။ အဲဒီပန်းပွင့်တဲ့ နာမည်ကြီးနေရာက အီဒူကီခရိုင်မှာရှိတဲ့ မွန်နာတောင်ပေါ်စခန်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က အဲဒီနေရာမှာ နောက်ဆုံးအကြိမ် ပွင့်ခဲ့တာပါ။ မွန်နာမှာ နောက်ထပ် အဲဒီပန်းပွင့်မှာကတော့ ၂၀၃၀ ခုနှစ်မှာပဲဖြစ်ပါလိမ့်မယ်။

Neelakurinji ပန်းခင်း

မွန်နာမှာ Neelakurinji ပန်းပွင့်တာကို ၂၀၃၀ ခုနှစ်အထိ မစောင့်ချင်ဘူးဆိုရင်တော့ အခြားနေရာမှာ မြင်တွေ့ရနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက Neelakurinji ပန်းက တမီးလ်နာဒူပြည်နယ်ရှိ ကိုဒိုင်ကနိုင်တောင်၊ ကာနာတာကာပြည်နယ်ရှိ ကိုဒဂူတောင်၊ ကီရာလာရှိ ပိုပါရာတောင်တွေမှာပွင့်ခဲ့ပါတယ်။

အခုနှစ်မှာတော့ Neelakurinji ပန်းက ကာနာတာကာပြည်နယ်ရှိ ချီမာဂါလာတောင်နဲ့ ကီရာလာပြည်နယ်ရှိ ကယ်လီပါရာတောင်မှာ ပွင့်ခဲ့ပါတယ်။

Ref: Indiatimes “Sons Carry 87-Year-Old Mother On Shoulder To Fulfill Her Wish To Witness Neelakurinji Bloom”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top