နေအိမ်လည်း တောမီးထဲပါသွားခဲ့ရပြီး ကိုဗစ်လည်း ကူးစက်ခံခဲ့ရတဲ့ မိသားစု

5-9-2020-yyl-004.jpg

ဝါရှင်တန်ပြည်နယ်က မိသားစုတစ်စုကတော့ တောမီးကြောင့် နေအိမ်ကို ဆုံးရှုံးခဲ့ရတဲ့အပြင် ကိုဗစ်ရောဂါလည်းကူးစက်ခံခဲ့ရပါတယ်။ မက်သရူး ဂရာဟမ် (Matthew Graham) နဲ့ သူ့ဇနီး ဂျက်စီကာတို့ဟာ ပြီးခဲ့တဲ့လကမှ ကလေး (၅) ယောက်ကို ခွေးပြဖို့အတွက် သူ့အစ်ကိုရဲ့အိမ်ကို ခေါ်သွားခဲ့တဲ့အချိန်မှာ ဝါရှင်တန်ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးက သူတို့ရဲ့နေအိမ်နဲ့ သူတို့ပိုင်ဆိုင်တဲ့အရာအားလုံးနီးပါးကို စက်တင်ဘာ ၇ ရက်နေ့က ဖျက်စီးပစ်ခဲ့တာပါ။ နေအိမ် တောမီးထဲပါသွားခဲ့ပြီး (၂) ပတ်အကြာမှာ သူတို့မိသားစုဝင် (၇) ဦးလုံး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပါတယ်။ အခုတော့ သူတို့မိသားစုဝင်တွေ ပြန်လည်ကောင်းမွန်နေပြီး Spokane Valley မှာ Hotel Quaratine ခံယူနေကြပါတယ်။

ဝါရှင်တန်ပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ Malden မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို တောမီးက ဖျက်စီးပစ်ခဲ့တဲ့အတွက် ဂရာဟမ်တို့မိသားစုက သူတို့ရဲ့ပိုင်ဆိုင်တဲ့အရာအားလုံးနဲ့ နေအိမ်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့ခွေးလေးနဲ့ ကြက်တွေက အသက်ဘေးကလွှတ်မြောက်ခဲ့ပေမဲ့ ငှက်တချို့ကတော့ မီးလောင်ကျွမ်းခဲ့ပါတယ်။ “ကျွန်တော်တို့ တောမီးလောင်တဲ့ညကမှ ပြန်လာဖို့ စီစဉ်နေတာဖြစ်တဲ့အတွက် ဘာတစ်ခုမှ မသိမ်းဆည်းခဲ့ရဘူး”လို့ ဂျက်စီကာက ပြောပါတယ်။

နေအိမ်မီးလောင်ပြီးတဲ့နောက်မှာ သူတို့တွေက သူတို့မိဘရဲ့အိမ်မှာသွားနေခဲ့ပြီးတဲ့နောက် ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။ ဂျက်စကီရဲ့အဖေက တုပ်ကွေးဖျားနာရှိခဲ့ပြီး မက်သရူးရဲ့အမေက ကလေးတွေကို ထိန်းပြီးတဲ့နောက် စက်တင်ဘာ ၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် သူတို့မိသားစု ရောဂါပိုးအချင်းချင်းကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ “အဲဒီအချိန်တုန်းက ကျွန်မတို့တွေ ရောဂါလက္ခဏာတွေ စတင်ခံစားနေခဲ့ရပါတယ်။ မီးလောင်ကျွမ်းတဲ့ ဒဏ်ကြောင့် လေထုညစ်ညမ်းလို့ ဖြစ်တာလို့ပဲ မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အခြေအနေကောင်းမလာဘဲ ပိုဆိုးရွားလာခဲ့ကြတယ်”လို့ ဂျက်စီကာက ဆိုပါတယ်။

သူတို့ရဲ့မိဘနှစ်ပါးလုံး ဆေးရုံမတက်ခဲ့ရပေမဲ့ မက်သရူးရဲ့အမေကတော့ ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရပါတယ်။ ဂျက်စီကာတို့ရဲ့ကလေးတွေ (၅) ဦးလုံးလည်း ကိုဗစ်ကူးစက်ခံရတာကနေ တော်တော်ကောင်းမွန်နေပါပြီ။ လူမှုအသိုင်းအဝိုင်းကလည်း သူတို့မိသားစုကို အရုပ်တွေ၊ အဝတ်အစားတွေ ရက်ရက်ရောရောနဲ့ ပေးကြပါတယ်။ သူတို့မိသားစုအတွက် GoFundMe ကမ်ပိန်းကနေလည်း ဒေါ်လာ ၂၁၀၀၀ ကျော်ရရှိခဲ့ပါတယ်။ သူတို့ရဲ့နေရာမှာ အိမ်ဌားရတာ ခက်ခဲပေးမယ့် Quarantine ပြီးသွားတဲ့အခါကျရင်တော့ အမြဲတမ်းနေလို့ရမယ့် နေရာရှာတွေ့ဖို့ မျှော်လင့်တယ်လို့ ဂျက်စီကာက ဆိုပါတယ်။ အိမ်အသစ် ပြန်ဆောက်တာ(ဒါမှမဟုတ်) အိမ်ပြန်ဝယ်တာဖြစ်ဖြစ် စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

Ref: CNN “A family of 7 lost their home in Washington’s wildfires. Then they all got Covid-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top